ဘလေဇာကုတ်အင်္ကျီနှင့် ရိုးရိုးကုတ်အင်္ကျီတို့အကြား ခြားနားချက်ကတော့ ဘလေဇာကုတ်သည် ဂျင်းဘောင်းဘီများနှင့် အင်မတန်လိုက်ဖက်ပြီး Formal ဖက်ရှင်မျိုး ဖန်တီးချင်တာလား ဒါမဟုတ် ပေါ့ပေါ့ပါးပါးဖက်ရှင်မျိုး ဖန်တီးချင်သလား စသည်ဖြင့် စတိုင်လ်နှစ်မျိုးဖန်တီးနိုင်ခြင်းပါပဲ။

ဘလေဇာကုတ်ကို ဂျင်းဘောင်းဘီနဲ့ ဘယ်လိုတွဲဖက်ဝတ်ဆင်ပြီး ရှိုးထုတ်နိုင်မလဲဆိုတာ ဖက်ရှင်ချစ်သူများအတွက် ဝေမျှပေးလိုက်ရပါတယ်။

Slim-Cut ဂျင်းဘောင်းဘီကို ဦးစားပေးပါ

 blazer fashion for men

Slim-Cut ဂျင်းဘောင်းဘီများသည် မကြပ်လွန်း၊ မပွလွန်းတာကြောင့် ဘလေဇာအင်္ကျီနဲ့ အလိုက်ဖက်ဆုံးဖြစ်ပါတယ်။

အရောင်ရွေးချယ်တဲ့အခါမှာလည်း ဂျင်းအရောင်အဖျော့အစား အရောင်အရင့်နဲ့တွဲဖက်ဝတ်ဆင်သင့်ပါတယ်။ ဒါမှ ပိုမိုဆွဲဆောင်မှုရှိတဲ့ ဖက်ရှင် Look လေးကို ပိုင်ဆိုင်နိုင်မှာပါ။

Double Denim နဲ့ တွဲဖက်ဝတ်ဆင်ပါ

 blazer fashion for men

Double Denim ဆိုတာကတော့ အပေါ်ရော အောက်ရော ဂျင်းအဝတ်အစားများနဲ့ ဆင်မြန်းထားခြင်းပါပဲ။ ပြီးမှ အပေါ်ဝတ်အနေနဲ့ ဘလေဇာကုတ်အင်္ကျီလေး ထပ်ဝတ်ပေးလိုက်ပါ။

ရုံးတက်ရုံးဆင်း ဖက်ရှင် (သို့) ခရီးသွားသောဖက်ရှင်

 blazer fashion for men

အသက် ၄၀ ကျော် အမျိုးသားများသည်လည်း ဘလေဇာကုတ်အင်္ကျီ၊ ဂျင်းဘောင်းဘီတို့နဲ့ ဖက်ရှင်ကျနိုင်ပါသေးတယ်

 blazer fashion for men

ရင့်ကျသော ယောကျာ်းတစ်ယောက်ရဲ့ဘလေဇာဖက်ရှင်

 blazer fashion for men

နက်ခ်တိုင်နဲ့ တွဲဝတ်ထားတဲ့ Formal ဆန်ဆန်ဖက်ရှင်

 blazer fashion for men

သင့်အနေနဲ့ အခုဖော်ပြသွားတဲ့ဖက်ရှင်စတိုင်လ် (၆) မျိုးအပြင် မိမိရဲ့ကိုယ်ပိုင်ဖက်ရှင်ကိုလည်း အထာကျကျဖန်တီးနိုင်ပါသေးတယ်။

Source: Dmarge.com

Featured Image Source: Dmarge.com