Graphic Tees တွေဟာ တစ်ချို့ လူတွေနဲ့ မလိုက်ဖက်တဲ့ တီရှပ်တွေပါ။ ဒါကလည်း ဘယ်လိုဝတ်မှ စတိုင်ကျမယ်ဆိုတာ မသိလို့လည်း ဖြစ်နိုင်ပါတယ်။ ဒီအတွက် နည်းလမ်းတွေ ရှိပါတယ်။

(၁) Body Fit ဝတ်ပါ

Source: Men’s Health

Graphic Tees တွေကို စတိုင်ကျကျ ဝတ်ဖို့ဆိုရင် အများကြီး မစဉ်းစားပါနဲ့။ ကိုယ်နဲ့ Fitting ကျတာကို ရွေးပါ။ ခါးအောက် ရောက်နေတာ ၊ လက်နဲ့ ပုခုံးပွနေတာမျိုးကို ရှောင်ပါ။ ဗိုက်နားက ကိုယ်ခန္ဓာဘေးတစ်ဘက်တစ်ချက်ဟာ ၁ လက်မနဲ့ ၂ လက်မအကြား ကွာနေမယ်ဆိုရင် အဆင်ပြေပါတယ်။

(၂) သေချာရွေးပါ

Source: InsideHook

Graphic Tees ဝယ်မယ်ဆိုရင် ကိုယ့်အင်္ကျီပေါ်က ဒီဇိုင်းနဲ့ အကွက်တွေ အဆင်တွေကို အရင်ဆုံး သေချာရွေးတာ ကောင်းပါတယ်။ တစ်ခါတစ်လေ ပြူးတူးပြဲတဲနဲ့ ဘာအဓိပ္ပါယ်မှ မရှိတဲ့ ဂရပ်စစ်တွေနဲ့ လာတဲ့ တီရှပ်တွေ ဝတ်မိရင် အလိုလိုနေရင်း စတိုင်အောက်ပါ။ အရောင်မရွေးတတ်ရင် အဖြူအမည်း Graphic Tees တွေ ရွေးဝယ်တာ အမှန်ဆုံး ဖြစ်ပါတယ်။

(၃) ဂျာကင်နဲ့ တွဲဝတ်ပါ

Source: pinterest

တစ်ခါတစ်လေမှာ Graphic Tees တွေကို အားကစား ဂျက်ကတ်တစ်ထည် ဒါမှမဟုတ် ဂျင်းကုတ်အပါးတစ်ထည်ဖြစ်စေ ထပ်ဝတ်တာဟာ လူကို ပိုပြီး ကြည့်ကောင်းသွားတတ်ပါတယ်။ ပုံမှန်အားဖြင့် Graphic Tees တွေဟာ လူငယ်ဆန်ဆန် သူ့အတိုင်း ဝတ်ရပေမယ့် အခုလို အပြောင်းအလဲလေးနဲ့ ဝတ်ရင် ပိုပြီး အဆင်ပြေတာ တွေ့ရမှာပါ။

(၄) ဖိနပ်ကိုလည်း ရွေးတတ်ပါစေ

Source: ShutterStock

တကယ်တော့ ဂရပ်ဖစ်ကွက် တီရှပ်တွေဟာ လူငယ်တွေအတွက် ထုတ်ထားတာပါ။ ဒီလို အင်္ကျီကို ပွဲတက်ဖိနပ်နဲ့ စီးသွားရင် ဂွမ်းတာပါပဲ။ ဂျင်းဘောင်းဘီနဲ့ ဝတ်ပြီး Casual Shoe မျိုးနဲ့ ဝတ်ရင် အမိုက်ဆုံးပါပဲ။ Graphic Tees နဲ့ တွဲဝတ်သင့်တာတွေကတော့ Cool Hat တစ်လုံး ၊ အကြမ်းခံ ဒီဇိုင်းနဲ့ နာရီ ၊ Casual ခါးပတ်တို့ပဲ ဖြစ်ပါတယ်။