မီးခိုးရောင်ဆိုတာ ရာစုနှစ်နဲ့ချီပြီး Classic Color အဖြစ် ရှိခဲ့တာပါ။ စီးပွားရေးသမားကနေ လမ်းဘေးစတိုင်အထိ မိးခိုးရောင်ဟာ ဖက်ရှင်ကာလာအဖြစ် ရှိလာတာ ၁၉၂၀ ပြည့်လွန်နှစ်တွေကတည်းက စတင်ခဲ့ပါတယ်။

အဓိကကတော့ မီးခိုးရောင် Grey Color ဟာ နေရာမရွေး ဝတ်ဆင်နိုင်သလို ဝတ်ရတာလည်း လွယ်ကူအဆင်ပြေလို့ ဖြစ်ပါတယ်။ အခုလို ဆောင်းတွင်းနဲ့ဆို မီးခိုးရောင်ဖက်ရှင်ဟာ အလိုက်ဖက်ဆုံး အရောင်လို့ ဆိုနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဖျော့လွင်လွင် ကာလာတွေက နွေဦးပေါက်ကာလတွေမှာ ဝတ်သင့်ပြီး မီးခိုးရောင်လို ခပ်မှိုင်းမှိုင်းကာလာမျိုးက ဆောင်းတွင်းနဲ့ ပိုပြီး ဟပ်မိပါတယ်။

Photo: suitsexpert

ရာသီဥတုနဲ့ လိုက်ဖက်တဲ့ အရောင်မျိုး ဝတ်ခြင်းက ကြည့်ရတာလည်း အဆင်ပြေသလို ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီး ယုံကြည်မှုမြင့်တက်စေပါတယ်။ Grey Fashion တွေဟာ ရုံးတက်ဝတ်စုံအဖြစ် ဝတ်ဆင်ရာမှာ ခန့်ညားပြီးသပ်ရပ်လို့ ကျော်ကြားပါတယ်။ မီးခိုးရောင်ဟာ တည်ငြိမ်မှုကို ပြတဲ့ ကာလာ ဖြစ်ပါတယ်။

စမတ်ကျကျ ရုံးတက်ဝတ်စုံအဖြစ် တွဲဝတ်ဖို့အတွက် ကာလာဖျော့ပါ ရှပ်ကိုမှ Plain Suit နဲ့ တွဲဝတ်နိုင်ပါတယ်။ အောက်မှာ မီးခိုးဖျော့/အရင့် ဘောင်းဘီမျိုး ဝတ်သင့်ပါတယ်။ မီးခိုးရောင်က လူကို ပိုသွယ်သွားစေတယ်လို့လည်း ထင်ရစေနိုင်ပါတယ်။ Formal ကျချင်ရင် နက်ခ်တိုင်နဲ့ ဝတ်ဖို့ လိုပေမယ့် Street Wear မှာ သိပ်စဉ်းစားစရာ မလိုပါဘူး။

Photo: He Spoke Style

တီရှပ်ကနေ Hoodie အထိ Grey ကာလာကို ပင်တိုင်ထား ဝတ်နိုင်ပါတယ်။ ရိုးရှင်းဖို့ကတော့ အဓိကပါပဲ။ အကွက်အစင်းတွေ ဝတ်မယ်ဆိုရင်တောင် မီးခိုးရောင်ဆန်ဆန် သိပ်ပြီး မတောက်တဲ့ Patterns တွေ ဖြစ်ဖို့ လိုပါတယ်။ အခုလို ဆောင်းမှာ ပေါ့ပေါ့ပါးပါး လျှောက်သွားချိန်မှာ Grey Trouser ဒါမှမဟုတ် Jeans နဲ့အတူ ဖလန်နယ်ရှပ်/Hoodie လေးနဲ့ အောက်မှာ အညိုရောင် Boots လေး တွဲစီးသွားရင် ကြည့်ကောင်းမှာ အမှန်ပါပဲ။