Denim Jeans ဆိုတာ ယောကျာ်းတစ်ယောက်ရဲ့ အဝတ်ဗီရိုထဲမှာ အမြဲထည်ထည်ဝါဝါ နေရာယူထားတဲ့ မရိုးနိုင်တဲ့ ဖက်ရှင်တစ်ခုပါ။ Chino ၊ Cargo Trousers နဲ့ Joggers တွေ ဘယ်လိုပဲ ဆန်းသစ်လာပါစေ။ Jeans ဖက်ရှင်တွေကတော့ အမြဲပဲ ပရိသတ် အခိုင်အမာရှိထားစမြဲပါ။ Jeans တွေကို အခုနောက်ပိုင်းမှာ Casual ရော Formal ဘက်ပါ နွှယ်ပြီး ဝတ်လာကြလို့ Denim Jeans နဲ့ တွဲစီးသင့်တဲ့ ဖိနပ်အမျိုးအစားတွေကလည်း ပြောင်းလဲလာပြီလို့ ဆိုရမှာပါ။

(၁) Derbies

Derby

Photo: Trend Spotter

Jeans ကို စမတ်ကျကျ ဝတ်ရမယ့်နေရာမှာ Derbies Shoes တွေနဲ့ တွဲစီးဖို့ ပြောချင်ပါတယ်။ Oxford တွေက Smart Denim တွေနဲ့ လိုက်ဖက်သလို Derbies တွေကလည်း တော်ရုံ Smart Casual တွေအတွက် အဆင်ပြေတဲ့ ဖိနပ်တစ်မျိုးပါပဲ။ Derbies က အညိုနဲ့ အနက်ရောင်တွေကို လူပိုကြိုက်ကြပါတယ်။

(၂) Brogues

brogues-and-jeans

Photo: mens fashion magazine

Trainers Shoes တွေထက် Brogues တွေက ပိုပြီး Formal အငွေ့အသက်ပါပေမယ့် သူလည်း Smart Casual တန်းမှာပဲ ထည့်ပြောရတဲ့ ဖိနပ်ထဲမှာ ပါတယ်။ ဖိနပ်အိမ်ဘေးမှာ အပေါက်ပါတာက Brogues တွေရဲ့ ထူးခြားချက်ဖြစ်ပြီး Business Casual ဝတ်စုံနဲ့ တွဲဝတ်လေ့ရှိပါတယ်။

(၃) Trainers

White-Sneakers-with-Black-Jeans

Photo: manofmany

ရိုးရှင်းပြီး ဘာမှ မျက်စိရှုပ်စရာမပါတဲ့ Trainers Shoes သန့်သန့်လေးတွေက ဒီဘက်ခေတ်မှာ အဝတ်များပါတယ်။ Trainers တွေက သပ်ရပ်ပြီး Low-Rise စတိုင်ဖြစ်လို့ Denim Jeans အများစုနဲ့ အဆင်ပြေပါတယ်။ အကောင်းဆုံးက Skinny Jeans အမျိုးအစား ဖြစ်ပါတယ်။ ခြေထောက်ကို ပေါ်လွင်ထင်ရှားစေပြီး သပ်ရပ်သန့်ရှင်းပြီး စမတ်ကျတယ်လို့ မြင်စေမယ့် ဖိနပ်ဒီဇိုင်း ဖြစ်ပါတယ်။

(၄) Penny Loafers

Penny-Loafers

Photo: 2knowandvote

Penny Loafers တွေလို ခြေလျှိုဖိနပ်အမျိုးအစားက စီးရတာ သက်တောင့်သက်သာရှိမှုနဲ့ ပေါ့ပါးပြီး ဆွဲဆောင်မှုရှိတာကြောင့် လူကြိုက်များလာပါတယ်။ Penny Loafers တွေကို ဖက်ရှင်ပုံစံအမျိုးမျိုးနဲ့ တွဲစီးကြပြီး အခုဆို Jeans တွေနဲ့ပါ ဝတ်လာကြပြီ ဖြစ်ပါတယ်။ သူလည်း Trainers တွေလိုပဲ ခြေထောက်အိုး သိပ်မပွတဲ့ Jeans မျိုးနဲ့ ဝတ်ဖို့တော့ လိုပါတယ်။

Featured Photo: mens fashion magazine