လုပ်ငန်းခွင်မှာအောင်မြင်ဖို့ နဲ့ လူမှုရေးမှာ အဆင်ပြေဖို့ဆို ပြောဆိုဆက်ဆံတတ်ဖို့က အရမ်းအရေးကြီးပါတယ်။ မိမိဟာ ပြောဆိုဆက်ဆံရေးမှာ ပါရမီ မပါလာခဲ့ရင်တောင် ကြိုးစားလေ့ကျင့်ယူလို့ရပါတယ်။ ဒီလိုပဲ ချောမောလှပတဲ့ အမျိုးသမီးတစ်ယောက်နဲ့ စကားသွားပြောဖို့ဆိုတာ အင်မတန်ခက်ခဲနိုင်ပါတယ်။ ရှက်ကိုးရှက်ကန်းနဲ့ သွားပြောပြန်ရင်လည်း ဆက်ဆံရေးက ပိုလို့တောင် ဆိုးသွားနိုင်ပါတယ်။

ဒါကြောင့် ဒီနေ့ kwee page ကမိန်းကလေးတွေနဲ့ ဘယ်လိုစကားပြောရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။

မြှောက်ပင့်ပြောဆိုပါ (ချီးကျူးပါ)

Source: David Wygant

မိန်းကလေးတစ်ယောက်နဲ့ပထမဆုံး အဖွင့်စကားပြောမယ်ဆိုရင် မြှောက်ပင့်ပြောဆိုတဲ့ နည်းလမ်းက အကောင်းဆုံးပါပဲ။ ဒီလို့ မြှောက်ပင့်ပြောဆိုတာက သင့်ကို ကျင်နာတတ်တဲ့သူ၊ ဂရုစိုက်တဲ့သူ အဖြစ် မှတ်ယူသွားနိုင်ပါတယ်။

“မင်းမျက်လုံးလေးတွေက အရမ်းလှတာပဲ။ မင်းပြုံးတာကို ငါသဘောကျတယ်” စတာတွေအပြင် မိန်းကလေးတွေကို မြှောက်ပင့်ပြောဆိုနိုင်တဲ့ တခြား စကားလုံးတွေ အများကြီးရှိပါတယ်။ သင်ယူပါ။ လေ့ကျင့်ပါ။ လက်တွေ့အသုံးချပါ။

ဟာသပြောပါ

Source: The Modern Man

နောက်ထပ်အလွယ်ဆုံးနည်းလမ်းကတော့ ဟာသပြောခြင်းပါပဲ။ (၂၁-၅၄) နှစ်အကြားမှာရှိတဲ့ အမျိုးသမီးတွေကို စစ်တမ်းကောက်ယူခဲ့ရာမှာ ဟာသဉာဏ်ရှိတဲ့ အမျိုးသားတွေက ပိုပြီးဆွဲဆောင်မူရှိကြောင်း ပြောဆိုထားကြပါတယ်။ ဒါကြောင့် အမျိုးသမီးတွေနဲ့ စကားပြောဖို့ဆိုရင် ဟာသဉာဏ်ရှိနေဖို့လိုအပ်ပါတယ်။ ဒီလိုပြောလို့ မိမိကိုယ်ကို လူပျက်တစ်ယောက်ဖြစ်အောင်တော့ မလုပ်လိုက်ပါနဲ့။

ပြီးတော့ နိုင်ငံရေးပျက်လုံးတွေ မိမိစကားပြောမယ့် မိန်းကလေးရဲ့ ဝတ်စားဆင်ယင်ပုံ၊ သူ့ရဲ့ မိသားစုနဲ့ ပတ်သက်တဲ့ ပျက်လုံးမျိုးတွေ မလုပ်ဖို့ အရေးကြီးပါတယ်။

အသေးစိတ်မှတ်ထားပါ

Source: Daily Mail

အမျိုးသမီးတွေ ဝတ်ထားတဲ့ အဝတ်အစားတွေ နဲ့ပတ်သက်ပြီး စကားစလို့လည်း ရပါတယ်။ တကယ်လို့ အမျိုးသမီးတစ်ယောက်က အားကစားလိုဂို ပါတဲ့ အဝတ်အစား (သို့) ဦးထုပ်တွေကို ဝတ်ဆင်ထားတယ်ဆိုရင် သူအားပေးတဲ့ အားကစား အသင်းတွေအကြောင်း မေးလို့ရပါတယ်။

ရုပ်ရှင် (သို့) တီဗီ အစီအစဉ်နဲ့ ပတ်သက်တဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားရင်လည်း တူတူပါပဲ။ အဲ့တာတွေအကြောင်း မေးပြီး စကားပြောဖို့ ဖန်တီးယူလို့ရပါတယ်။

ဒါတွေအပြင် သူမကြိုက်နှစ်သက်တဲ့ ရုပ်ရှင်တွေ (သို့) တီဗီ အစီအစဉ်တွေကို မေးပြီး စကားပြောလို့ရသလို သူမရဲ့ ဝါသနာ ပါရာလေးတွေကို မေးပြီး စကားပြောဖို့ ဖန်တီးယူလို့လည်း ရပါတယ်။

တစ်ခု သတိထားရမှာက သူမရဲ့ ဝင်ငွေအကြောင်းနဲ့အတိတ်က ရည်းစားတွေ အကြောင်း သွားမမေးမိဖို့ပါပဲ။