မိန်းကလေးတစ်ယောက်က ကိုယ့်ကို စိတ်ဝင်စားနေတာ ဟုတ်လား မဟုတ်ဘူးလားဆိုတာ ဆုံးဖြတ်ရခက်ပါတယ်။ သူက အမှန်တကယ်ပဲ ကိုယ့်ကို စိတ်ဝင်စားနေတာလား၊ ဒါမှမဟုတ် ခင်မင်ချင်ရုံသက်သက်ပဲလားဆိုတာကို ဝေခွဲမရဖြစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါပဲ။

မိန်းကလေးတစ်ယောက် သင့်ကို စိတ်ဝင်စားနေတယ်ဆိုရင် အခုဖော်ပြပေးမယ့် အပြုအမူများကို ပြုလုပ်လေ့ရှိပါတယ်။

သူ့ဆံပင်တွေကို သူထိတွေ့နေမယ်

tips for men to discern where a girl is interested in you or not

Photo Source: Freepik.com

ထိုမိန်းကလေးသည် သူ့ရဲ့ဆံပင်တွေကို သူ့လက်ချောင်းလေးများဖြင့် လိမ်နေတာပဲဖြစ်ဖြစ်၊ မကြာခဏ ဆံပင်သပ်တင်နေတာပဲဖြစ်ဖြစ် (သို့) သူ့ဆံပင်ကို နားအနောက်ထက် ထိုးထည့်နေတာပဲဖြစ်ဖြစ် ပြုလုပ်နေတယ်ဆိုရင် ဒါသည် ကောင်းတဲ့လက္ခဏာတစ်ရပ်ပါပဲ။ သင်နဲ့ စကားပြောတိုင်း ဒီလိအပြုအမူမျိုး ပြုလုပ်နေတယ်ဆိုရင် သင့်ကို စိတ်ဝင်စားနေလို့ပါပဲ။

မျက်လုံးချင်းဆုံပြီး စကားပြောနေတယ်

tips for men to discern where a girl is interested in you or not

Photo Source:

မျက်လုံးချင်းဆုံပြီး မျက်လုံးချင်းစကားပြောခြင်းသည် သင့်ကို စိတ်ဝင်စားနေကြောင်း သိသိသာသာဖော်ပြနေတဲ့အရာပါပဲ။ မျက်လုံးများသည် စိတ်ရဲ့ပြတင်းပေါက်တွေပဲဖြစ်ပါတယ်။ သူ(မ)သည် စကားပြောနေရင်း ခဏလောက်ရပ်ထားပြီး သင့်မျက်လုံးကို သေသေချာချာကြည့်နေခြင်းသည် သင်သည် ဆွဲဆောင်မှုရှိလို့ပါပဲ။

အရယ်အမောများခြင်း

tips for men to discern where a girl is interested in you or not

သင်သည် သူ(မ)အနားရှိနေချိန်မှာ ပုံမှန်ထက်ပိုပြီး အရယ်အမောများနေခြင်းသည် သင့်ကို စိတ်ဝင်စားနေလို့ပါတဲ့။ ပိုသေချာချင်တယ်ဆိုရင်တော့ သူ(မ) ရယ်မောတဲ့အသံကို နားထောင်ကြည့်ပါ။ အခြားသူတွေနဲ့ ရှိနေချိန် ရယ်မောနေတဲ့အချိန်နဲ့ သင့်အနားမှာရှိနေတဲ့အချိန် ရယ်မောနေတဲ့အသံကို နားထောင်ပါ။ အမြင့်သံနဲ့ ရယ်မောနေတယ်ဆိုရင်တော့ ပိုသေချာပါတယ်။

သင့်နဲ့ ထိခြင်း

tips for men to discern where a girl is interested in you or not

သင့်လက်မောင်း (သို့) သင့်လက်ကို မကြာခဏ ထိတွေ့ဖို့ ကြိုးစားခြင်းသည်လည်း သင့်ကို စိတ်ဝင်စားနေကြောင့် ပြတဲ့အချက်ပါပဲ။ ဒီလိုထိတွေ့ခြင်းအားဖြင့် သင်တို့နှစ်ယောက်ကြားမှာရှိတဲ့ အကာအရံတစ်ခုကို ဖြိုဖျက်ချင်နေတာပဲဖြစ်ပါတယ်။

အမြဲတမ်း စာပြန်တယ်

tips for men to discern where a girl is interested in you or not

ဆိုရှယ်မီဒီယာပေါ်မျာ သင်က တစ်ခုခု ကွန်မန့်ပေးထားတဲ့အခါမျိုးမှာလည်း သူ(မ)ဘက်က တုန့်ပြန်မှုရှိပါတယ်။ ဒါ့အပြင် သူ(မ)ကို မက်ဆေ့ချ်ပို့တဲ့အခါမှာလည်း ပြန်စာ ပို့ဖို့ ဝန်မလေးဘဲ ချက်ချင်းပြန်ပို့လေ့ရှိပါတယ်။ ဒါဆိုရင်တော့ လုံးဝကို သေချာပါတယ်။ ထိုမိန်းကလေးသည် သင့်ကို စိတ်ဝင်စားနေတာပါ။

သင် စိတ်ဝင်စားနေတဲ့ကောင်မလေးရော အထက်ဖော်ပြပါအပြုအမူမျိုး ပြုလုပ်နေပါသလား။

Source: Lovepanky.com

Featured Image Source: Stryx.com