မနက်ခင်းအိပ်ယာစောစောထခြင်းက ကျန်းမာတဲ့လူနေမှုဘဝရဖို့အတွက် ခြေလှမ်းတစ်လှမ်းလို့ဆိုနိုင်ပါတယ်။ ကမ္ဘာပေါ်က အောင်မြင်နေကြတဲ့ ပုဂ္ဂိုလ်အများစုကလည်း မနက်ခင်းအိပ်ယာစောစောထတဲ့အလေ့အကျင့်ကို ကျင့်သုံးကြပါတယ်။ စာဖတ်သူအနေနဲ့လည်း မနက်ခင်းမှာ အိပ်ယာစောစောထချင်ပေမယ့် အိပ်ယာထဖို့ခက်ခဲနေတယ်ဆိုရင် အခုပြောပြမယ့်နည်းလမ်းလေးတွေလုပ်ဆောင်ကြည့်ဖို့အကြံပြုချင်ပါတယ်။
(၁) ဖြေးဖြေးချင်းစတင်ပါ
Source : Dreamstime
အိပ်ယာထချိန်တွေကို ရုတ်တရက်ပြောင်းလဲလိုက်ခြင်းက သင့်အတွက်တစ်နေ့လုံးအိပ်ရေးမဝခြင်း စိတ်မကြည်ခြင်းတွေခံစားရစေနိုင်ပါတယ်။ ဒါကြောင့် မနက်ခင်းအိပ်ယာစောစောထမယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ ပုံမှန်အိပ်ယာထတဲ့အချိန်ထက် နာရီဝက်လောက်စောထကြည့်ပါ။ တစ်ပတ်လောက်ဆိုရင် ခန္ဓာကိုယ်က တော်တော်လေးအသားကျလာပါလိမ့်မယ်။ ဒီလိုနည်းနဲ့ အချိန်ကို တဖြေးဖြေးချင်းတိုးတိုးပြီး အိပ်ယာစောစောထတဲ့ အကျင့်ကို လေ့ကျင်ယူနိုင်ပါတယ်။
(၂) နှိုးစက်ကိုအိပ်ယာနဲ့ဝေးရာမှာထားပါ
Source : Depositphot
လူတိုင်းလိုလို မနက်ခင်းအိပ်ယာထနိုင်ဖို့ နိုးစက်အကူအညီကို ယူတက်ကြပါတယ်။ ဒါပေမယ့် အများစုလုပ်တက်တဲ့အမှားတစ်ခုက နိုးစက်ကိုအိပ်ယာနားထားပြီး နိုးစက်သံကြားတာနဲ့ ပိတ်ပြီးပြန်အိပ်တဲ့အကျင့်ပါ။ နိုးစက်ပိတ်ပြီး ပြန်အိပ်တာက သင့်ကိုနောက်ထပ်နာရီများစွာဆက်ပြီးအိပ်ပျော်သွားစေပါတယ်။ဒါကြောင့် အလွယ်တကူပိတ်လို့မရပေမယ့် ခပ်လှမ်းလှမ်းနေရာမှာ နိုးစက်ကိုထားဖို့ အကြံပြုချင်ပါတယ်။
(၃) ပုံမှန်အိပ်စက်မှုအချိန်ဇယားတစ်ခုဆွဲပါ
Source : Shutterstock
နေ့တိုင်းပုံမှန်အိပ်စက်တဲ့အချိန်နဲ့ အိပ်ယာနိုးထတဲ့အချိန်သတ်မှတ်ထားခြင်းက သင့်ရဲ့ အိပ်စက်မှုစက်ဝန်းကို ပိုမိုမှန်ကန်စေပါတယ်။ အရွှယ်ရောက်ပြီးသူတစ်ယောက်အတွက် တစ်နေ့ကိုအိပ်စက်ချိန် ၇ နာရီကနေ ၉ နာရီအတွင်းရှိသင့်ပြီး ကိုယ်အနေနဲ့ ည ၉ နာရီမှာအိပ်ယာဝင်မယ်လို့သတ်မှတ်ထားရင် နေ့စဉ်ပုံမှန်ဒီအလေ့အထကိုလုပ်ဆောင်ပါ။ နေ့တိုင်းအတွက် ပုံမှန်အိပ်စက်မှုအချိန်ဇယားတစ်ခုသတ်မှတ်ထားခြင်းက မနက်ခင်းမှာအလိုလိုနိုးထလာစေနိုင်ပါတယ်။
(၄) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
Source : Freepik
နေ့စဉ်လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်ခြင်းက ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုတိုးတက်ကောင်းမွန်စေပြီး ညဘက်မှာစောစောအိပ်ပျော်စေဖို့ တွန်းအားတစ်ခုဖြစ်စေပါတယ်။ ဒါကြောင့် တစ်ရက်ကို ပုံမှန် နာရီဝက်လောက်အချိန်ပေးပြီး လေ့ကျင့်ခန်းပုံမှန်ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တာက သင့်ရဲ့ ခန္ဓာကိုယ်ရောစိတ်ပါ ကျန်းမာစေပြီး မနက်ခင်းကိုအားအင်အပြည့်နဲ့ လန်းဆန်းတက်ကြွစွာနိုးထစေနိုင်ပါတယ်။