ကိုဗစ်ကူးစက်မှုလျော့နည်းလာချိန်မှာ အရင်ဆုံးခရီးထွက်မယ်ဆိုတဲ့သူတွေရှိလား။ အများစုကတော့ အိမ်ထဲမှာမွန်းကျပ်နေတာကြောင့် တင်းကျပ်မှုတွေဖြေလျော့လိုက်ရင် ခရီးတွေသွားမယ်လို့အားခဲထားကြမှာပါ။ ဆိုတော့ ခရီးသွားမယ့်သူတွေအတွက် ဒီနေ့မှာတော့ ကုန်ကျစရိတ်နည်းတဲ့ Budget ခရီးတစ်ခုဘယ်လိုသွားသင့်လဲ ဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်။

Source : Mpora

ပုံမှန်သွားနေကြ ကားတွေလေယာဉ်တွေ ထက်စာရင် ရထားနဲ့ ခရီးသွားခြင်းဟာ သင့်ကိုပိုပြီး အသစ်အဆန်းဖြစ်စေမှာ ဖြစ်သလို ကုန်ကျစရိတ်လည်း ပိုပြီးသက်သာစေပါတယ်။ ကားတွေ လေယာဉ်တွေလောက် လျင်မြန်စွာ ခရီးမတွင်ပေမယ့် ရထားနဲ့ ခရီးသွားခြင်းဟာလည်း လုံးဝမတူတဲ့ ခံစားမှုအသစ်ကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်သက်သာတဲ့ ခရီးတစ်ခုဖန်တီးချင်ရင်တော့ ရထားနဲ့ခရီးသွားပါ။

ခရီးသွားတဲ့အခါ အဝတ်အစားအသစ်ဝယ်တာမျိုးတွေ တော်တော်များများ ပြုလုပ်ပြင်ဆင်လေ့ရှိပါတယ်။ ခရီးသွားမယ့် ရက်ရှည်ရင်ရှည်သလို အဝတ်အစားအပိုတွေ များစွာ ထည့်သွားတတ်ကြပါတယ်။ ဒါပေမယ့် သင်ဟာ ကုန်ကျစရိတ်သက်သာတဲ့ ခရီးတစ်ခုဖြစ်ချင်ရင်တော့ မပါမဖြစ်လိုအပ်မယ့် ဝတ်စုံ၂ စုံ လောက်သာထည့်ပြီး ဒေသထွက် ပေါ့ပေါ့ပါးပါးအင်္ကျီလေးတွေ ဝယ်ဝတ်တာဟာ ကုန်ကျစရိတ် ပိုမိုသက်သာစေသလို ဓာတ်ဖမ်းတဲ့အခါမှာလည်း ပိုပြီးအမှတ်တရဖြစ်နေစေမှာဖြစ်ပါတယ်။

Source : Travel Trade Maldives

ခရီးသွားလုပ်ငန်းအများစု တည်ရှိရာနေရာတွေတော်တော်များများမှာတော့ အဆင်မြင့်ဟိုတယ်တွေရှိသလို ဈေးသက်သက်သာသာနဲ့ သန့်သန့်ရှင်းရှင်းတည်းခိုလို့ရမယ့် Hostel လေးတွေလည်း ခုနောက်ပိုင်း တော်တော်လေးခေတ်စားလာပါတယ်။ Hostel တွေဟာ မိသားစုတွေပဲဖြစ်ဖြစ်၊ သူငယ်ချင်းအုပ်စုအဖွဲ့လေးတွေပဲဖြစ်ဖြစ်၊ တစ်ကိုယ်တည်း FA လေး တွေပဲဖြစ်ဖြစ် အဆင်ပြေသန့်ရှင်းပြီး ဈေးလည်းသက်သာစွာတည်းခိုလို့ရတာကြောင့် Budget Plan နဲ့ ခရီးသွားတဲ့သူတွေဖို့တော့ ရွေးချယ်တည်းခိုသင့်တဲ့ နေရာလေးတွေဖြစ်ပါတယ်။

ကုန်ကျစရိတ် သက်သက်သာသာနဲ့ ခရီးသွားရင်တော့ ဒေသထွက်အစားစာလေးတွေဟာ ဈေးလည်းသက်သာပြီး အရသာအသစ်အဆန်းလေးတွေကိုလည်း ရရှိစေမှာဖြစ်ပါတယ်။ ပုံမှန်စားနေကျ စားသောက်ဆိုင်ကြီးတွေမှာ စားတာထက် ကိုယ်သွားလည်တဲ့နေရာရဲ့ ဒေသထွက် အစားစာလေးတွေကတော့ မဖြစ်မနေကိုမြည်းကြည့်သင့်တဲ့ အရာလေးတွေပါ။ ဒေသထွက်အစားအစာလေးတွေစားတဲ့အခါ သူငယ်ချင်းတွေ သရေကျစေဖို့ ဓာတ်ပုံရိုက်ဖို့လည်း မမေ့နဲ့နော်။