သင့်ကောင်မလေးက သင်နဲ့ တဖြည်းဖြည်း ဝေးကွာသွားရတဲ့အကြောင်းအရင်းတစ်ခုကတော့ သင့်ရဲ့သူ(မ)အပေါ် ပြုမူတဲ့ အပြုအမူက မမှန်ကန်လို့လည်း ဖြစ်နိုင်ပါတယ်။ သူ(မ)ရဲ့ သင့်အပေါ်ထားရှိတဲ့ အချစ်တွေကို တစ်ရက်ထက်တစ်ရက် ပိုမိုတိုးလာအောင် ပြုလုပ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အပြုအမူများကို ပြုလုပ်နိုင်ပါတယ်။
သူ(မ)အပေါ် မလိမ်ညာပါနဲ့
ရိုးသားခြင်းသည် အကောင်းဆုံးမူဝါဒဖြစ်တယ်ဆိုတဲ့စကားကို သင် ကြားဖူးပါလိမ့်မယ်။ ဒါဆိုရင်တော့ သင့်ရဲ့ကောင်မလေးအပေါ်မှာလည်း မလိမ်မညာတမ်း ဆက်ဆံဖို့လိုအပ်ပါတယ်။ ဒါမှသာသင့်ကို ယုံကြည်မှာဖြစ်ပြီး သူ(မ)ဘဝအတွက် လက်တွဲဖို့ သေချာစဉ်းစားနိုင်မှာဖြစ်ပါတယ်။
သူ(မ)ပြောတာ နားထောင်ပါ

သူ(မ) ရင်ဖွင့်ချင်တဲ့အခါမျိုးမှာ သူ(မ)ပြောတဲ့စကားကို သေသေချာချာအာရုံစိုက်ကာ နားထောင်ဖို့လိုအပ်ပါတယ်။ သူ(မ)ပြောတဲ့စကားများကို ညာဖက်နားကဝင် ဘယ်ဘက်နားကထွက်သလိုမျိုး ပြုမူနေမယ်ဆိုရင်တော့ သူ(မ)ရဲ့ခံစားချက်ကို ထိခိုက်စေပါတယ်။
သူ(မ)ကို အားပေးပါ

သူ(မ)ကို အချစ်ခံရပါလားဆိုတဲ့ ခံစားချက်မျိုး ခံစားချင်တယ်ဆိုရင်တော့ သူ(မ)ရဲ့အိပ်မက်များ၊ ပန်းတိုင်များ ပြည့်ဝလာအောင် ဘေးနားကနေ အားပေးနိုင်ပါတယ်။ သူ(မ)ရဲ့အလုပ်အကိုင်နဲ့ ပတ်သက်လာခဲ့ရင်လည်း ဘယ်လိုအကူအညီမျိုး ပေးနိုင်မလဲဆိုတာကို အမြဲတမ်းဂရုစိုက်သင့်ပါတယ်။
ရိုမန့်တစ်ဆန်ပါ
သင့်အနေနဲ့ ရိုမန့်တစ်မဆန်တတ်ဘူးဆိုရင်တောင်မှ သူ(မ)ကို ချစ်တဲ့စိတ်နဲ့ ဆယ်ကွေ့မှာတစ်ကွေ့လောက်တော့ ရိုမန့်တစ်ဆန်ဖို့လိုအပ်ပါတယ်။ သူ(မ)သည် ဘယ်လောက်ပဲ ရိုမန့်တစ်ဆန်တာကို မကြိုက်ဘူးလို့ ဆိုနေပါစေ အခြားမိန်းကလေးများသည် သူတို့ရဲ့ချစ်သူကောင်လေးတွေက ရိုမန့်တစ်ဆန်ဆန် ပြုမူတဲ့အခါမျိုးမှာ အားကျတတ်ကြပါတယ်။
မိမိဒေါသကို မထိန်းနိုင်တဲ့အပြုအမူမျိုးကို ရှောင်ကြဉ်ပါ

အကြောင်းအရာတစ်ခုခုကြောင့် ဒေါသထွက်တဲ့အခါမျိုးမှာ သူ(မ)အပေါ် တရားခံရှာပြီး ဒေါသလွှဲချတဲ့အပြုအမူမျိုးကို ရှောင်ကြဉ်ရပါမယ်။ သင့်အနေနဲ့ သူ(မ)ကြောင့် ဒေါသထွက်ရတယ်ဆိုရင်တော့ ဆဲဆိုအော်ဟစ်ခြင်း၊ ပစ္စည်းများ ပစ်ပေါက်ခြင်းစတဲ့ သူ(မ)ကို ကြောက်ရွံ့စေတဲ့အပြုအမူများကို ရှောင်ကြဉ်ရပါမယ်။
မိမိရဲ့ဒေါသမီးကို အရင်ငြိမ်းပြီးသွားမှ သူ(မ)နဲ့ စကားပြောတာပဲဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။ ဒါသည် လူကြီးလူကောင်းဆန်တဲ့ယောကျာ်းတစ်ယောက်ရဲ့အပြုအမူပဲဖြစ်ပါတယ်။
Source: Lovepanky.com
Featured Image Source: Tokopedia.com


