အဝတ်အစားနဲ့ပတ်သက်ပြီး ရှည်ရှည်ဝေးဝေးမစဉ်းစားချင်တဲ့ အမျိုးသားတွေနဲ့ အကိုက်ညီဆုံး ဖက်ရှင်ပုံစံဆိုရင် ဘာကိုပြေးမြင်မိလဲ။ ဟုတ်ပါတယ် Hoodie ပါ။ Hoodie ကောင်းကောင်းတစ်ထည်သာ ရှိမယ်ဆိုရင် All in one item တစ်ခုလိုပဲ ကိုယ့်ရဲ့ဖက်ရှင်အမြင်ရှိရင်ရှိသလောက် အိမ်နေရင်းပေါ့ပေါ့ပါးပါး ဝတ်ရာကနေ runway style ထိပြောင်းလဲနိုင်မှာ အသေချာပါပဲ။ ဒါကြောင့် ဘယ်လိုလိုက်ဖက်ညီအောင်ဝတ်သင့်လဲဆိုတဲ့ အကြံပြုချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Jeans နဲ့ တွဲဝတ်ပါ

သူ့ထပ်ရိုးရှင်းတာတောင် သူ့လောက်ရိုးရှင်းမယ်မထင်ပါဘူး။ဒါမဲ့ simplicity is the best ဆိုတဲ့ policy လိုပါပဲ။ အပြင်သွားခါနီးမှ ဘာဝတ်ရမလဲစဉ်းစားရကျပ်နေရင် Hoodie နဲ့ Denim Jeans pants တစ်ထည်သာတွဲဝတ်လိုက်ပါ။ ကာလာအတွဲအစပ်မိုက်နေဖို့တော့ လိုမယ်နော်။

(၂) Jacket ထပ်ဝတ်ပါ

Hoodie တစ်ထည်တည်းဆိုရင် တခါတရံပျင်းစရာကောင်းနေတတ်လို့ အပေါ်ကတခုခုထပ်ဝတ်ဖို့စဉ်းစားနေရင်တော့ Denim Jacket သာရွေးလိုက်ပါ။ တစ်ခုသတိထားရမှာကတော့ Jacket နဲ့ Hoodieကို Tone မတူတဲ့ Color ဖြစ်ရမှာပဲဖြစ်ပါတယ်။

(၃) Blazer coat ကိုရွေးပါ

ကိုယ်အကြိုက်ဆုံး Hoodieကို ရုံးဝတ်သွားချင်တယ် ဒါမှမဟုတ် ပွဲတစ်ခုခုသွားချင်တယ် ဒါပေမဲ့အရမ်း ပေါ့ပေါ့ပါးပါးနဲ့ Freestyle ဆန်နေမှာလည်းစိတ်ပူနေရရင် Blazer coat သာရွေးလိုက်ပါ။ လူငယ်လဲဆန် အမြင်လဲတင့်ပြီး စမတ်ကျတဲ့အသွင်ဆောင်စေတာမို့ ပြီးပြည့်စုံတဲ့တွဲဖက်မှုတစ်ခု ပါပဲ။ အတွင်းက ခံဝတ်မယ့် Hoodieက ထူမနေဖို့တော့ သတိထားပါ။

(၄) Bomber Jacketနဲ့တွဲဝတ်ပါ

လမ်းထိပ်ကနေ Runway ထိသွားလို့ရတဲ့ Fashion ပြပါဆိုရင် Hoodie အပေါ်က bomber jacket ထပ်ဝတ်တာမျိုးဖြစ်မှာ အသေချာပါပဲ။ Bomber jacket ခပ်ပွပွနဲ့ Hoodie နဲ့ ကလွတ်လပ်ပေါ့ပါးပြီး အထာကျနေတဲ့အသွင်ရစေလို့ Hollywood star တွေ အမြဲဝတ်လေ့ရှိတဲ့ဖက်ရှင်စတိုင် တွေထဲကတစ်ခုဆိုလည်းမမှားပါဘူး။