ရှုံးနိမ့်ခြင်းနဲ့ အခက်အခဲတွေဟာ ဘဝမှာ နေ့စဉ်လိုလို ကြုံနေရမယ့် ပုစ္ဆာတွေပါပဲ။ ရှုံးခဲ့ရတဲ့ အတွေ့အကြုံတွေဟာ အောင်မြင်ဖို့အတွက် ခြေနင်းတုံးတွေလို့ ဆိုပါတယ်။ အောင်မြင်ချင်သူတွေဟာ အရှုံးအပေါ် သဘောထားမှန်ဖို့ လိုပါတယ်။ ရှုံးခဲ့တာတွေကြောင့် စိတ်ဒဏ်ရာဖြစ်သွားပြီး ဆက်မကြိုးစားရဲတော့ရင် အရှုံးသမားဘဝမှာ သံသရာလည်နေမှာပါ။

ကမ္ဘာကျော် အောင်မြင်ရေးဆရာကြီးတစ်ဆူဖြစ်တဲ့ ဂျွန်စီ မက္ကဝဲလ်ရဲ့ စကားတစ်ခွန်း ရှိပါတယ်။ “သာမန်သူလိုကိုယ်လို လူတွေနဲ့ အောင်မြင်နေတဲ့သူတွေအကြား ခြားနားချက်က ရှုံးနိမ့်မှုတွေအပေါ် သူတို့သဘောထားနဲ့ တုံ့ပြန်ချက်ပဲ ဖြစ်ပါတယ်။ ”

တကယ်တော့ အရှုံးတွေအပေါ် အပြုသဘောမြင်ပြီး သင်ခန်းစာယူ ၊ နည်းလမ်းသစ်နဲ့ ထပ်ပြီး ကြိုးစားမှပဲ အောင်မြင်တဲ့ဘဝကို ရမှာ ဖြစ်လို့ ရှုံးနိမ့်မှုတစ်ခု ကြုံလာတိုင်း ကိုယ့်ဘဝကို အကောင်းဘက်ရောက်စေမယ့် နည်းလမ်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) ကိုယ်ဘာကို ထိန်းချုပ်နိုင်သလဲ သိပါစေ

compassion

Photo : freepik

ရှုံးနိမ့်မှုတွေ ကြုံလာတဲ့အခါ ပေါက်ကွဲတတ်တာ သဘာဝပါပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ဆိုးမယ် ၊ ကိုယ့်အသိုင်းအဝိုင်းကိုလည်း ဒေါသထွက်မယ် ။ ရှုံးရတဲ့ အကြောင်းကြောင်းတစ်ခုခုကို ရှာပြီးလည်း စိတ်ပေါက်နေမယ်။ ကျွန်တော်တို့ မေ့နေတဲ့အချက်က ရှုံးနိမ့်မှုတွေ ကြုံလို့ စိတ်ဆိုးဒေါသထွက်နေရင် ကိုယ်လုပ်နိုင်တာတွေ နည်းပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ကျလာမယ် ဆိုတာပါပဲ။

ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အရင်လုပ်ရမှာက လက်ခံလိုက်ဖို့နဲ့ အရှုံးတွေ ၊ ကံမကောင်းဖြစ်မှုတွေကို တာရှည်ခံစား သနားမနေဘဲ ကိုယ် ထိန်းချုပ်နိုင်မယ့်အပိုင်းကို အာရုံစိုက်ဖို့ပဲ ဖြစ်ပါတယ်။ အရှုံးတွေ ကြုံလာပြီဆို အရင်ဆုံး အာရုံစိုက်ရမယ့်အပိုင်း ၃ ခု ရှိပါတယ်။ ကိုယ့်အတွေး ၊ ကိုယ့်သဘောထားနဲ့ ရှေ့ဆက်ကိုယ်အာရုံစိုက်ရမယ့် အရာတွေပါပဲ။

(၂) သင်ကြားရေးအတွေ့အကြုံအဖြစ် မြင်ပါ

fired-office-worker-fell-his-knees-covered-his-face-due-stress-front-him-is-cardboard-box

Photo : freepik

ဘယ်သူမှ အရှုံးနဲ့ မကြုံချင်ပေမယ့် အရှုံးဆိုတာ ရှောင်လွှဲလို့ရတာမျိုးလည်း မဟုတ်ဘူးမလား။ တကယ်တော့ အရှုံးနဲ့ ကြုံရတဲ့အခါ လုပ်ရမယ့်အချက်က အရှုံးကို သင်ခန်းစာအဖြစ် ပြောင်းဖို့ပါပဲ။ မရှုံးရအောင် အကောင်းဆုံးအစီအစဉ်တွေနဲ့ ကြိုးစားဖို့ လုပ်ပါ။ မတတ်သာလို့ ရှုံးသွားချိန်မှာ နောက်တစ်ကြိမ် အောင်မြင်ဖို့အတွက် အရေးကြီးတာက အရှုံးကို အကောင်းဆုံးသင်ခန်းစာတစ်ခုအဖြစ် သင်ယူဖို့ပါပဲ။

အခုပြောခဲ့တာတွေက ရှုံးနိမ့်မှုတွေကို ဘဝမှာ အကောင်းသဘောဖြစ်အောင် ပြောင်းဖို့နည်းလမ်းတွေ ဖြစ်ပါတယ်။ ပြန်ပြီး ချုံ့ပြောရရင် အရှုံးထဲကနေ အမြတ်ထွက်တတ်ဖို့ ကိုယ့်အမြင်ကို ပြောင်းဖို့လိုပါတယ်။ အဲ့ဒီအမြင်ကပဲ ကိုယ့်ကို အရှုံးကို စိန်ခေါ်အောင်မြင်နိုင်သူအဖြစ်ကို ရောက်စေမှာ ဖြစ်ပါတယ်။