စာဖတ်သူရဲ့ဘဝမှာ ဖြစ်ချင်တဲ့စိတ်ကူးအိပ်မက်တွေရှိပါသလား။ ကိုယ့်စိတ်ကူးအိပ်မက်တွေကိုအကောင်အထည်ဖော်နိုင်ဖို့ရော စိတ်ကူးရှိပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုအဆုံးထိဖတ်ကြည့်ပါ။ စိတ်ကူး အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ သိထားသင့်တဲ့ အရာလေးတွေအကြောင်း ပြောပြပေးသွားမှာပါ။

(၁) အချိန်လိုအပ်တယ်

Businessman holding hourglass

Source : Freepik

စိတ်ကူးယဉ်အိပ်မက်တွေကို အချိန်ခဏအတွင်း ဝုန်းဒိုင်းဆိုပြီး အကောင်အထည်ဖော်ဖို့ဆိုတာ ခက်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အိပ်မက်ကို လက်တွေ့ဖော်ဆောင်နိုင်ဖို့အတွက် နေ့တိုင်းနည်းနည်းစီ လုပ်နိုင်သလောက် ကြိုးစားလုပ်ဆောင်ပါ။ တစ်နေ့တစ်လှမ် ပုဂံဘယ်မရွေ့ဆိုတဲ့ စကားပုံအတိုင်းပါပဲ အချိန်ယူပြီး လုပ်ဆောင်ပါ။

(၂) ယုံကြည်မှုရှိရမယ်

Impossible is possible concept. card with the text impossible

Source : Freepik

မိမိကိုယ်ကို မိမိယုံကြည်မှုရှိဖို့က အရေးကြီးပါတယ်။ လူတော်တော်များများ ဖြစ်ချင်တဲ့စိတ်ကူးအိပ်မက်တွေက တန်ဖိုးကြီးလွန်းတာကြောင့် မဖြစ်နိုင်ဘူးဆိုပြီး လက်လျှော့လိုက်တက်ကြတယ်။ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အရေးကြီးဆုံးအချက်ကတော့ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ပါပဲ။ ကိုယ့်ရဲ့ စိတ်ကူးတွေဟာ တကယ်ဖြစ်ကိုဖြစ်လာရမယ်ဆိုတဲ့ ခံယူချက်ထားဖို့လည်းလိုအပ်ပါတယ်။

(၃) ရှေ့ဆက်သွားနေရမယ်

Shoes standing at the crossroad and get to decision which way to go

Source : Freepik

နောက်ထပ်အရေးကြီးတဲ့အချက်တချက်ကတော့ သွားနေတဲ့ ခြေလှမ်းတွေကို မရပ်ပစ်လိုက်ဖို့ပါပဲ။ လူတော်တော်များများက အခတ်အခဲတွေ ကြုံလာရတဲ့အချိန်မှာ အရှုံးပေးပြီး ထွက်သွားချင်ကြတယ်။ တစ်ခုသိထားရမှာက အခက်အခဲဆိုတာ လူတိုင်းကြုံရမယ့် အရာပါ။ ကြုံလာရတဲ့ အခတ်အခဲတွေကို ကျော်ဖြတ်ပြီး ကိုယ်လိုချင်တဲ့ အရာကိုရအောင် ယူနိုင်ခြင်းက အလွန်ချိုမြိန်ပါတယ်။ ဂုဏ်ယူဖို့လည်း ကောင်းပါတယ်။

(၄) ဖြစ်ချင်တာကိုရှင်းရှင်းလင်းလင်းသိရမယ်

Spiritual prayer hands over sun shine with blurred beautiful sunset

Source : Freepik

ကိုယ်ဘာဖြစ်ချင်လို့ဖြစ်ချင်နေမှန်း မသိတာမျိုးမဟုတ်ပဲ ဖြစ်ချင်တဲ့အိပ်မက်တစ်ခုကို ရှင်းရှင်း လင်းလင်းပြတ်ပြတ်သားသား သိဖို့လိုအပ်ပါတယ်။ ပြီးရင် လက်တွေ့အကောင် အထည်ဖော်ဖို့ တွေးပါ။ ကိုယ်ဘယ်လိုဖြစ်ချင်သလဲဆိုတာ ခေါင်းထဲမှာရှင်းရှင်းလင်းလင်း သိနေပါစေ။