နွေရာသီရဲ့ ပူပြင်းလှတဲ့နွေအပူရှိန်ကို ရှောင်ရှားဖို့ အဲယားကွန်းတွေတော်တော်များများအသုံးပြုလာကြပါတယ်။ အဲယားကွန်းဟာ ပူပြင်းလှတဲ့ရာသီဥတုအပူချိန်လျော့ကျပေးနိုင်တဲ့ ကောင်းကျိုးတွေများစွာရှိပေမယ့်လည်း မှန်ကန်တဲ့နည်းလမ်းတွေနဲ့ အသုံးမပြုရင်တော့ ကိုယ့်အတွက် အန္တရာယ်တွေများစွာရှိလာနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ နွေရာသီရဲ့ ပူပြင်းလှတဲ့နွေအပူရှိန်ကို အကောင်းဆုံး တွန်းလှန်ပေးနိုင်မယ့် အဲယာကွန်းတွေကို မှန်မှန်ကန်ကန် ဘယ်လိုအသုံးပြုကြမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေမျှဝေပေးချင်ပါတယ်။

 

(၁) အချိန်တိုင်းအဲယားကွန်းဖွင့်ထားခြင်းကိုရှောင်ကြဉ်ပါ

Source : festa-de-casamento

မိမိအသုံးပြုတဲ့ အဲယားကွန်းတွေကို အချိန်ပြည့်ဖွင့်ထားလို့တော့ အဆင်မပြေနိုင်ပါဘူး။ အပူချိန်အမြင့်ဆုံး နေ့လည်နေ့ခင်းဘက်တွေမှာ အသုံးပြုပြီး အပူချိန်လျော့လာတဲ့ ညနေဘက်တွေမှာတော့ အဲယားကွန်းပိတ်ထားပြီ ခေတ္တအနားပေးရပါမယ်။ အဲယားကွန်းပိတ်ထားတဲ့အချိန်မှာ ပြတင်းပေါက်တွေဖွင့် ထားပြီး လေဝင်လေထွက်ကောင်းမွန်အောင်ပြုလုပ်ကာ သဘာဝလေဖြင့် အခန်းအတွင်းက လေထုကိုသန့်စင်ပေးရပါမယ်။

(၂) အဲယားကွန်းကို သန့်ရှင်းရေးလုပ်ပါ

Source : nthdegreetechnology.com

အဲယားကွန်းတွေကို အနည်းဆုံးတစ်နှစ်လျှင် တစ်ကြိမ်(သို့) နှစ်ကြိမ်လောက် သန့်ရှင်းရေးလုပ်ပေးရပါမယ်။ အဲယားကွန်းအသုံးပြုချိန်များတဲ့သူတွေအနေနဲ့ (၆) လ တစ်ကြိမ်လောက်တော့ သက်ဆိုင်ရာ အဲယားကွန်ပြုပြင်တဲ့သူတွေ ဝယ်ယူခဲ့တဲ့ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်တွေကို ခေါ်ယူပြီးအဲယားကွန်း သန့်စင်ဆေးကြောတာတွေ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

(၃) အဲယားကွန်းအအေးဓာတ်ကို သတ်မှတ်ပါ

Source : Unique Indoor Comfort

အဲယားကွန်းအအေးဓာတ်ကို အနည်းဆုံး ၂၂ ဒီဂရီစင်တီဂရိတ်ကနေ အများဆုံး ၂၅ ဒီဂရီစင်တီဂရိတ်လောက်အထိပဲ သတ်မှတ်အသုံးပြုသင့်ပါတယ်။အဲယားကွန်းအအေးဓာတ် အရမ်းများတဲ့အခါ အအေးပတ်တာတွေ နှာစီးတာတွေ ဖြစ်လာနိုင်တာကြောင့် အထက်ပါ အအေးဓာတ်က ခန္ဓာကိုယ်အတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ ကိုယ်ရဲ့ အိမ်ခန်းအတွင်း အပူချိန်ကမြင့်တက်ပြီး အဲယာကွန်း အအေးဓာတ်လုံလောက်စွာ မရဘူးဆိုရင်လည်း နေရောင်တိုက်ရိုက်ထိတွေ့တဲ့ မှန်ပြတင်းပေါက်တွေကို လိုက်ကာတပ်ဆင်အသုံးပြုပေးရပါမယ်။

(၄) အပူလွန်ကဲမှုကို ဂရုစိုက်ပါ

Source : Impressive Interior Design

အဲယားကွန်းအပူလွန်ကဲမှုကြောင့် မီးလောင်မှုတွေ မကြာခဏ ဖြစ်ပွားနေတဲ့သတင်းတွေ ကြားနေရပါတယ်။ ဒါကြောင့် အချိန်တစ်ခုသတ်မှတ်ပြီး အပူချိန်လျော့တဲ့အချိန်တွေမှာ အဲယားကွန်းကို နာရီဝက် တစ်နာရီခန့် အနားပေးသင့်ပါတယ်။ အပြင်သွားတဲ့အခါ အိမ်မှာဘယ်သူမှမရှိပဲ အဲယားကွန်းဖွင့်ထားခဲ့တာတွေ ပိတ်ဖို့မေ့ခဲ့တာတွေကိုလည်း အထူးဂရုစိုက်ပေးပါ။