နည်းပညာပစ္စည်းတွေကို သုံးစွဲပုံမမှန်ကန်တဲ့အခါမှာ ကျန်းမာရေးပြဿနာတွေ ကြုံလာရနိုင်ပါတယ်။ နည်းပညာပစ္စည်းတွေအသုံးပြုပုံ လွဲမှားနေတာတွေကြောင့် ဇက်ကြောတွေတက်တာ၊ မျက်လုံးတွေကိုက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဒီအချက်ကလေးတွေကို ပြုပြင်လိုက်ပါ။

Man working on his laptop

Source : Freepik

ကွန်ပျူတာကိုကြည့်တဲ့အခါမှာ ငုံ့ကြည့်တာမျိုး၊ မော့ကြည့်နေရတာမျိုး စတဲ့အပြုအမူတွေကို ရှောင်ပါ။ ကွန်ပျူတာ၊ တီဗီစတာတွေကို အသုံးပြုတဲ့အခါမှာ ကွန်ပျူတာ ဒါမှမဟုတ် တီဗီမျက်နှာပြင်ကို မျက်စိနဲ့တစ်တန်းတည်းထားပြီးကြည့်တာက ပုံစံအမှန်ပါ။

ခုနောက်ပိုင်း လူတွေက နေ့နေ့ညည ဖုန်းကိုပဲကြည့်နေကြတာပါ။ တချို့ဆို လမ်းလျှောက်ရင်း၊ ကားမောင်းရင်း နောက်ဆုံး အစည်းအဝေးခန်းထဲမှာတောင် အလုပ်မှာအာရုံမရှိဘဲ ဖုန်းကိုချည်းကြည့်နေကြတာပါ။ ဒါတွေဟာ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုရှိသလို ကျန်းမာရေးအတွက်လည်း ထိခိုက်နိုင်တာကြောင့် ဒီလိုအပြုအမူတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

Young man using laptop computer and phone

Source : Freepik

လပ်တော့ပ်သုံးရင်လည်း အနေအထားမှန်ဖို့ လိုအပ်ပါတယ်။ လပ်တော့ပ်အသုံးပြုချိန်မှာ နေထိုင်တဲ့ပုံစံမမှန်တဲ့အခါမှာ ခါးကိုက်တာ ဇက်ကြောတက်တာတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့်အထက်က အချက်ကလေးတွေကို သတိထားပြီး ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အဆင်ပြေအောင် အီလက်ထရွန်းနစ်ပစ္စည်းတွေကို အသုံးပြုကြပါလို့ အကြံပေးပါရစေ။