ဖက်ရှင်ရေစီးကြောင်းတွေက ပိုပြီး ပေါ့ပါးလွတ်လပ်တဲ့ စတိုင်တွေဘက်ကို ဦးတည်နေပြီလို့ ဆိုရမှာပါ။ အခုနောက်ပိုင်းမှာ Business-Caual လို့ ပြောရင် Blazer ကုတ်နဲ့ Jeans ဘောင်းဘီဝတ်တာ အတွေ့များလာပါတယ်။ ဒီဖက်ရှင်က ဝတ်ရလွယ်သလို Professional ဖြစ်မှုနဲ့ လွတ်လပ်ပေါ့ပါးမှုရသကို ပေးစွမ်းနိုင်လို့ပဲ ဖြစ်ပါတယ်။ Blazer နဲ့ Jeans ဘောင်းဘီ ဝတ်မယ်ဆိုရင် အရင်ဆုံး ဒီအချက်လေးတွေ လိုက်ပြီး လုပ်ဆောင်ဖို့ လိုပါတယ်။
(၁) ဘယ်နေရာအတွက် ဝတ်မှာလဲ အရင်ကြည့်ပါ
Photo: Fashion Beans
Blazer နဲ့ Jeans ဖက်ရှင်က နေရာတိုင်းလိုလိုနဲ့ အဆင်ပြေပါတယ် များသောအားဖြင့် ဒီဖက်ရှင်က ရုံးတက်ဝတ်စုံလိုလည်း ဝတ်နိုင်သလို Casual Weekend Outfit အနေနဲ့လည်း ဝတ်နိုင်တာပါပဲ။ Navy Jeans ၊ တီရှပ်နဲ့ မီးခိုးရောင် Blazer မျိုးက နည်းနည်းပို Formal ကျလို့ ဒီလို ဖက်ရှင်ကတော့ Weekend လိုမျိုးမှာ မဝတ်တာ ကောင်းပါတယ်။
(၂) အမျိုးအစားအရွေးမှန်ပါစေ
Photo: Fashion Beans
နောက်တစ်ဆင့်က မှန်ကန်တဲ့ Blazer အမျိုးအစား ရွေးချယ်ဖို့ ဖြစ်ပါတယ်။ Blazer Jacket ဟာ Suit စတိုင် Slim Fit နဲ့ လာတာ ရှိသလို ဂျက်ကတ်ဆန်ဆန် ပေါ့ပေါ့ပါးပါး Fitting ကျတဲ့ Relaxed Fit နဲ့လာတာလည်း ရှိပါတယ်။ အရောင်အနေနဲ့လည်း Formal ပိုဆန်တဲ့အရောင်တွေက နက်ပြာရင့်နဲ့ မီးခိုးဖျော့တို့ဖြစ်ပါတယ်။
(၃) Jeans ရွှေးချယ်မှု မှန်ပါစေ
Photo: Fashion Beans
Blazer နဲ့ တွဲဝတ်မယ့် Jeans ဖက်ရှင်ကလည်း အရွေးမှန်ဖို့ လိုပါတယ်။ Blazer က Formal Side ဘက် ရောက်တယ်ဆိုရင် Jeans ကို အရောင်ရင့်ရင့်နဲ့ Slim Fitting ကျတာကို ရွေးချယ်ရမှာပါ။ Blazer နဲ့ အလိုက်ဖက်ဆုံး Jeans အရောင်တွေကတော့ အနက် နဲ့ RAW Denim တို့ပဲ ဖြစ်ပါတယ်။
(၄) ဘယ်လို ဖိနပ်စီးရမလဲ
Photo: Fashion Beans
ဖိနပ်တစ်ရံဟာ သင့်ဖက်ရှင်ကို ခြုံပြီး ကြည့်ကောင်းအောင် ဘောင်ကွပ်ပေးနိုင်စွမ်း ရှိပါတယ်။ Minimal Sneaker ကနေ Shoes တို့ Boots တို့အထိ ဘယ်ဖိနပ်စီးစီး သင့်ဖက်ရှင်ပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ အပေါ်မှာ ဝတ်ထားတဲ့ ဖက်ရှင်နဲ့ လိုက်အောင် ဖိနပ်ကိုလည်း ရွေးချယ်ဖို့ လိုပါတယ်။ Casual Blazer နဲ့ Washed Jeans ဖက်ရှင်ဝတ်ထားတယ်ဆိုရင် Sneakerစီးတာ အကောင်းဆုံးပါပဲ။
(၅) Blazer အောက်မှာ ဘာဝတ်သင့်သလဲ
Photo: toptrendsguide
များသောအားဖြင့် Blazerအောက်မှာ တီရှပ်ပဲ ဝတ်ကြပါတယ်။ အရည်အသွေးကောင်းတဲ့ တီရှပ်တစ်ထည်ဖြစ်ရင် ပြီးတာပါပဲ။ ပုံမှန်အားဖြင့် တစ်ရောင်တည်းကာလာပါတဲ့ Plain T-Shirt တွေ ဝတ်ကြတာ ရှိသလို Polo Shirts ၊ Turtleneck Sweaters ၊ Bretton Striped Tops နဲ့ Jumpers တွေလည်း ဝတ်ကြတာပါပဲ။ ကိုယ်နဲ့ လိုက်ဖက်မယ်ထင်တာကို ရွေးပြီး ဝတ်နိုင်ပါတယ်။
Featured Photo: toptrendsguide