ဂျင်းဂျက်ကတ်တွေဟာ Free Style ဝတ်ဖို့ အလိုက်ဖက်ဆုံး ဖက်ရှင်ထဲမှာ ပါပါတယ်။ အခုလို မိုးတွင်းလိုမျိုး ချမ်းစိမ့်စိမ့်ကာလမှာ Jean Jacket ကို ပေါ့ပေါ့ပါးပါးနဲ့ Modernize ဖြစ်အောင် ဝတ်လို့ ရပါတယ်။ ဘာတွေနဲ့ တွဲဝတ်ရမလဲ ဆိုတော့

(၁) ဘောင်းဘီ

Photo: Men’s Style Blog

အပေါ်မှာ တီရှပ်အဖြူ နဲ့ ဂျင်းဂျက်ကတ် ဝတ်ပြီး အောက်မှာ Chino Pant ဝတ်ကြည့်မယ်ဆိုရင် ခံစားချက်ပြောင်းသွားပါလိမ့်မယ်။ ဒါမျိုးက စမတ်ဆန်ဆန်လည်း ဝတ်လို့ ရသလို Casual ဖက်ရှင်လို့လည်း ဆိုနိုင်ပါတယ်။

လုံးဝ Casual ကျကျ ဝတ်ချင်ရင်တော့ အောက်မှာ ဂျင်းဘောင်းဘီနဲ့ တွဲဝတ်သင့်ပါတယ်။ Black Jeans ဆိုရင် အရောင်ငြိမ်ပြီး ဖက်ရှင်အတွဲအစပ်လည်း ပိုပြီး ဆွဲဆောင်မှု ရှိမှာပါ။

(၂) အရောင်

Photo: guycounseling

Jean Jacket အရောင်ကတော့ Classic Jean Color တွေ ဖြစ်တဲ့ အပြာ ၊ မိုးပြာဖျော့ နဲ့ အပြာရင့် မျိုးတွေက ယောင်္ကျားဆန်တဲ့ ကာလာဖြစ်လို့ ဦးစားပေး ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။ အောက်ကဘောင်းဘီကတော့ အညိုရောင် ၊ အသားရောင် ၊ အနက်ရောင် ၊ မီးခိုးရောင်နဲ့ Navy ကာလာမျိုး ရွေးချယ်နိုင်ပါတယ်။

ဒါတွေကတော့ Touser နဲ့ Chino ဘောင်းဘီတွေအတွက် ပြောတာ ဖြစ်ပြီး ဂျင်းဘောင်းဘီဆိုရင်တော့ မိုးပြာရောင် ၊ မီးခိုးမှိုင်းနဲ့ အနက်ရောင် တွေ ရွေးချယ်နိုင်ပါတယ်။

(၃) အောက်ခံ

Photo: fashionbeans

ဂျင်းဂျက်ကတ်နဲ့ တွဲဝတ်ဖို့အတွက်အကောင်းဆုံးက တီရှပ်ပါပဲ။ တစ်ချို့လည်း ဟန်လေတီရှပ် ၊ Hoddie နဲ့ ဖလန်နယ်ရှပ်လက်ရှည်တွေနဲ့ တွဲဝတ်ကြပါတယ်။ ဒါလည်း ကြည့်ကောင်းတာပါပဲ။ တီရှပ်ကတော့ သိပ်စဉ်းစားစရာမလိုဘဲ အသာလေး ကောက်လျှိုလိုက်ရင်ကို လိုက်ဖက်မှုရှိတဲ့ ဖက်ရှင် ဖြစ်သွားမှာပါ။

Jean Jacket ဝတ်မယ်ဆိုရင် ကြယ်သီး ဘယ်တော့မှ မတပ်သင့်ပါဘူး။ လက်ကို စိတ်ကြိုက် ခေါက်ထားလို့ ရပါတယ်။ ဆွဲတင်ထားရုံနဲ့လည်း ဖြစ်ပါတယ်။ ဒါက Casual Style ဖြစ်လို့ ဝတ်သူရဲ့ အမြင် ၊ ခံစားချက်နဲ့ ပဲ ဆိုင်ပါတယ်။