အနောက်တိုင်းဝတ်စုံဝတ်တဲ့အခါ အပေါ်ဝတ် ကုတ်အင်္ကျီက မပါမဖြစ်ပါဘဲ။ စီးပွားရေးသမားတစ်ယောက်အနေနဲ့ လုပ်ငန်းခွင်မှာ အရေးကြီးနိုင်ငံခြားဧည့်သည်တွေနဲ့ တွေ့ဆုံရတဲ့အချိန်မှာ ဝတ်စုံပြည့်ဝတ်ရပေမယ့်လို့ မင်္ဂလာဆောင်၊ ညစာစားပွဲ စတဲ့ပွဲတက်အခမ်းအနားတွေမှာဆိုရင်တော့ ကုတ်အင်္ကျီကို စတိုင်အပြည့်နဲ့ ရှိုးထုတ်ဝတ်လို့ရပါတယ်။

ကဲ… ဘယ်လိုရှိုးထုတ်ရမလဲဆိုတာကြည့်လိုက်ရအောင်။

ကနုတ်တွေနဲ့ ပုံဖော်ထားတဲ့ ကုတ်အင်္ကျီ

Source: fashionbeans.com

ပွဲတက်တဲ့အခါ နက်ခ်တိုင် စည်းမနေပါနဲ့တော့၊ ဝတ်နေကျရှပ်အင်္ကျီအဖြူရောင်အစား၊ စတိုင်လ်ဘောင်းဘီနဲ့ လိုက်ဖက်တဲ့ အင်္ကျီအရောင်ကို ဦးစားပေး ရွေးချယ်ပါ။ အောက်ကရှပ်အင်္ကျီကို လိပ်လည်ပင်းလို့ခေါ်တဲ့ အင်္ကျီလည်ထောင်တီရှပ်ဝတ်ဆင်ပြီး အပေါ်ကနေ ကုတ်အင်္ကျီထပ်ဝတ်လိုက်ပါ။ အရေးကြီးတာကတော့ အရောင်ကစားတတ်ဖို့ပါပဲ။

နက်ခ်တိုင်ကို လုံးဝမေ့ထားလိုက်ပါ။

Source: fashionbeans.com

နက်ခ်တိုင်အစား ပေါ့ပါးတဲ့လည်စည်း ပုဝါတစ်ထည်ကို လည်ပင်းနားမှာ ပတ်ထားပေးလိုက်ပါ။ ရှပ်အင်္ကျီကို ကြယ်သီးအပြည့်တပ်စရာမလိုဘဲ ကြယ်သီးနှစ်လုံးလောက် ဖြုတ်ထားပေးလိုက်ပါ။ ပြောင်ကတ္တီပါသား ကုတ်အင်္ကျီကို သင့်အသွင်အပြင်ကို ခမ်းနားနေအောင် ကူညီပေးပါလိမ့်မယ်။

အမဲဝမ်းဆက်ဝတ်ဆင်ပါ။

Source: fashionbeans.com

ဘာအရောင် ရွေးချယ်ရမလဲ မသိရင်တော့ အမဲဝမ်းဆက်သာ ဝတ်လိုက်ပါ။ အမဲဝမ်းဆက် မဝတ်ချင်လည်း အဖြူဝမ်းဆက်ဝတ်ဆင်ပေးနိုင်ပါတယ်။ သို့သော် သင်တက်ရမယ့် ပွဲအခမ်းအနားက မင်္ဂလာဆောင်ဆိုရင်တော့ အဖြူဝမ်းဆက်မဝတ်ဆင်သင့်ပါဘူး။ များသောအားဖြင့် သတို့သားတွေက အဖြူဝမ်းဆက်ဝတ်ကြလို့ပါပဲ။

ပေါ့ပေါ့ပါးပါးရှိတဲ့ ကုတ်အင်္ကျီ ရွေးချယ်ပါ။

Source: fashionbeans.com

ကုတ်အင်္ကျီတွေက များသောအားဖြင့် အလေးချိန်နည်းနည်းများပါတယ်။ ပေါ့ပါးတဲ့ကုတ်အင်္ကျီကို ရွေးချယ်ဝတ်ဆင်မှသာလျှင် နေရတာ သက်သောင့်သက်သာဖြစ်မှာပါ။ ပိုပြီး လွတ်လပ်ပေါ့ပါးပြီး လူငယ်ဆန်တဲ့အသွင် ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ လည်ပင်းဝိုင်းတီရှပ်တစ်ထည်ပေါ်မှာမှ ကုတ်အင်္ကျီ ထပ်ဝတ်ပေးရုံပါပဲ။

ဖဲပြားပုံနက်ခ်တိုင်

Source: fashionbeans.com

နက်ခ်တိုင်ကို မေ့ထားလိုက်လို့ ပြောထားပေမယ့် နက်ခ်တိုင်စည်းချင်ပါတယ်ဆိုတဲ့ ကိုကိုတွေက ရိုးရိုးနက်ခ်တိုင်အစား ဖဲပြားနက်ခ်တိုင်လေးတွေ စည်းပေးလိုက်ပါ။ ဖဲပြားနက်ခ်တိုင်တွေက ပွဲအခမ်းအနားတွေနဲ့ အသင့်တော်ဆုံးပဲဖြစ်ပါတယ်။

လည်စည်းပုဝါပတ်ထားပါ။

Source: fashionbeans.com

ဖဲပြားပုံနက်ခ်တိုင်က Formal အရမ်းဆန်သွားပြီး မကြိုက်ပါဘူးဆိုတဲ့ ပုရိသတွေကျတော့ လည်စည်းပုဝါအသုံးပြုနိုင်ပါတယ်။ လည်စည်းပုဝါတစ်ထည်ကို အထာကျကျချည်ထားလိုက်မယ်ဆို ကမ္ဘာကျော်ရုပ်ရှင်မင်းသားအလား အထင်မှားခံရနိုင်ပါတယ်။