ယောကျာ်းများအတွက် အင်္ကျီအမျိုးအစား၊ ဘောင်းဘီအမျိုးအစား အမျိုးမျိုးရှိကြသည့်အနက် ဘယ်တော့မှ အမြင်ရိုးမသွားဘဲ ဖက်ရှင်ကျနေစေတဲ့ အင်္ကျီအမျိုးအစားတွေထဲမှာ ဖလန်နယ်ရှပ်အင်္ကျီများကလည်း တစ်ခုအပါအဝင်ပါပဲ။
ဖလန်နယ်ရှပ်အင်္ကျီများကို ချည်သားဖြင့် ရက်လုပ်ထားတဲ့အတွက်ကြောင့် ဝတ်ဆင်ရတဲ့အခါ ခန္ဓာကိုယ်ကို အေးမြနေစေပြီး သူ့ရဲ့အကွက်အဆင်များကလည်း ဖက်ရှင်ကျနေစေပါတယ်။ ဖက်ရှင်ကျချင်တဲ့ ယောကျာ်းများအတွက်ကတော့ ဖလန်နယ်ရှပ်အင်္ကျီဆိုတာ အဝတ်ဘီဒိုထဲမှာ မရှိမဖြစ် ထည့်သွင်းထားသင့်တဲ့ အဝတ်အစားဖက်ရှင်စတိုင်လ်တစ်မျိုးပဲဖြစ်ပါတယ်။
ဖလန်နယ်ရှပ်အင်္ကျီများကို စတိုင်အမျိုးမျိုး တီထွင်ကာ ဝတ်ဆင်နိုင်ပြီး သင့်အနေနဲ့ ဘယ်လိုစတိုင်လ်မျိုး ဖန်တီးချင်လဲဆိုတာ ခေါင်းစားနေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်နည်းလမ်းများက ကူညီပေးပါလိမ့်မယ်။
တီရှပ်တစ်ထပ်ခံပြီး ဝတ်ဆင်ကြည့်ပါ
ဟူဒီတစ်ထပ် ခံပြီး ဝတ်ဆင်ကြည့်ပါ
ပေါ့ပေါ့ပါးပါး ဖက်ရှင်စတိုင်လ် ဖန်တီးချင်သူများအတွက်
ဖလန်နယ်ရှပ် တစ်ထည်တည်းနဲ့လည်း စတိုင်လ်ကျနိုင်ပါတယ်
အပေါ်ကနေ ကုတ်တစ်ထည် ထပ်ဝတ်ကြည့်ပါ
ဂျင်းဘောင်းဘီများနဲ့ တွဲဖက်ဝတ်ဆင်နိုင်တဲ့ အကွက်အဆင်များ
အမဲရောင် ကြိုက်နှစ်သက်သူများအတွက် အမဲရောင်ဖလန်နယ်ရှပ်အင်္ကျီ
အစိမ်းရောင် ကြိုက်နှစ်သက်သူများအတွက် အစိမ်းရောင်ဖလန်နယ်
ဆန့်ကျင်ဘက်အရောင်နှစ်ရောင် ပေါင်းစပ်မှု
မီးခိုးရောင်ဖက်ရှင်
ရင့်ကျက်မှုကို ကိုယ်စားပြုတဲ့ အညိုရောင်ဖက်ရှင်
ရှပ်လက်ရှည် မကြိုက်သူများအတွက်
အင်္ကျီလက်ကို ဖြတ်ထုတ်ပြီး လက်တိုပုံစံ ဖန်တီးချုပ်လုပ်နိုင်ပါသေးတယ်။ သင့်အနေနဲ့ အချုပ်အလုပ် မကျွမ်းရင်လည်း အပ်ချုပ်ဆိုင်မှာ သွားအပ်လိုက်ရုံပါပဲ။ ဖလန်နယ်လက်တိုကို ဘောင်းဘီအရှည်နဲ့ ဝတ်မယ့်အစား ဘောင်းဘီတိုနဲ့ ဝတ်ဆင်ခြင်းက ပိုလိုက်ဖက်ပါတယ်။
Source: Toptrendsguide.com