မိုးရာသီတွင် အအေးမမိဖို့ရန်အတွက် နွေးနွေးထွေးထွေးနေဖို့ လိုအပ်ပါတယ်။ နွေးနွေးထွေးထွေးနှင့် ဖက်ရှင်ကျချင်တယ်ဆိုရင်တော့ ခေါင်းစွပ်ဟူဒီဖက်ရှင်များသည် မိုးရာသီနှင့် အလိုက်ဖက်ဆုံး ဖက်ရှင်တစ်ခုပဲဖြစ်ပါတယ်။
ဟူဒီဖက်ရှင်များ ခေတ်စားလာပုံသည် ဆန်းကြယ်လွန်းလှပါတယ်။ ဟူဒီများ စပေါ်တုန်းက ယခုလို လူတိုင်းဝတ်ဆင်ကြတဲ့ ဖက်ရှင်တစ်မျိုးမဟုတ်ပါဘူး။ ထိုဖက်ရှင်သည် ၁၉၃၀ ခုနှစ်တွင် အားကစားသမားများသည် ဝတ်ဆင်ကြတဲ့ အဝတ်အစားတစ်မျိုးပါ။ အားကစားသမားများ ဆိုးရွားလွန်းသော ရာသီဥတုဒဏ်တွင် နွေးနွေးထွေးထွေးနှင့် နေနိုင်ဖို့ရန်အတွက် ဟူဒီကို ဝတ်ဆင်ကြပါတယ်။
နောက်ပိုင်းတွင် ဖက်ရှင်သည် တဖြည်းဖြည်း ပြောင်းလဲသွားပြီး ဟစ်ဟော့လူငယ်များပါ ဟူဒီမားကို ယတ်ဆင်လာကြပါတယ်။ ထိုမှတဆင့် စကိတ်စီးသမားများ၊ ဆယ်ကျော်သက် လူငယ်များ လက်ဆင့်ကမ်း ဝတ်ဆင်လာကြပါတယ်။ ယခုနောက်ပိုင်းတွင်သော ဟူဒီသည် လူငယ်များအကြား ရေပန်းစားသော ဖက်ရှင်တစ်မျိုးပဲဖြစ်ပါတယ်။
သင့်အနေနဲ့ မိုးရာသီမှာ ဟူဒီအင်္ကျီလေးကို ဖက်ရှင်ကျကျ ဝတ်ဆင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင်နမူနာလေးများက အထောက်အကူပြုပေးပါလိမ့်မယ်။
Source: Fashionbeans.com