Hoodie တွေကို Sporty ဆန်တဲ့ လူငယ်ဖက်ရှင်အဖြစ် သိကြပါတယ်။ တကယ်တော့ Hoodie ဟာ Sweatshirt အမျိုးအစား ဂျက်ကတ်ဖြစ်ပြီး ရာသီဥတု ခပ်စိမ့်စိမ့်အေးတဲ့အချိန်မျိုးနဲ့ အလိုက်ဖက်ဆုံးပါပဲ။ တကယ်တော့ Hoodie တွေဟာ ၁၉၃၀ ပြည့်လွန်နှစ်တွေကတည်းက စပြီးပေါ်ပေါက်လာတာ ဖြစ်ပြီး နှစ် ၈၀-၉၀ ကြာတဲ့အထိ လူငယ်ထုအကြား ရေပန်းစားနေဆဲ ဖြစ်ပါတယ်။ ဟစ်ပ်ဟော့ပ်ယဉ်ကျေးမှု ၊ စကိတ်နဲ့ လမ်းဘေးလူငယ်ဖက်ရှင်စတိုင်တွေမှာ အမြဲမြင်နေရတဲ့ Hoodie ဖက်ရှင်တွေကို Modernize ဖြစ်အောင် ဝတ်လို့ရတဲ့ နည်းလမ်းတစ်ချို့ကို မျှဝေချင်ပါတယ်။

(၁) Bomber Jacket

Photo: The Trend Spotter

ခေတ်ပြိုင် Urbanized ဖက်ရှင်အဖြစ် Hoodie ဝတ်မယ်ဆိုရင် Bomber Jacket နဲ့ တွဲဝတ်တာ အထာပိုကျပါတယ်။ Casual မြို့ပြဖက်ရှင်အတွက် Hoodie ကို မီးခိုးရောင် ၊ အနက်ရောင်နဲ့ Navy ကာလာလိုမျိုး Classic ကာလာတွေ ရွေးသင့်ပါတယ်။ အောက်မှာတော့ အနက် ဒါမှမဟုတ် အပြာရင့် Jeans ကို Sneaker နဲ့ တွဲစီးသင့်ပါတယ်။

(၂) Coat

Photo: The Trend Spotter

Stylish ဖြစ်ဖို့ကို အသားပေးမယ်ဆိုရင် Hoodie နဲ့ Coat ကို တွဲဝတ်သင့်ပါတယ်။ အရမ်းကြီးလွန်းတဲ့ Long Coat မျိုးဖြစ်ရင်တော့ သိပ်မမိုက်ပါဘူး။ သိပ်ကိုအေးတဲ့ အနောက်နိုင်ငံတွေမှာ အဝတ်များပါတယ်။ အနက်ဒါမှမဟုတ် အညို Coat အောက်မှာ အဖြူရောင် Hoodie ဝတ်တာမျိုး။

(၃) Denim Jacket

Photo: The Trend Spotter

Hoodie ကို ဂျင်းဂျက်ကတ်နဲ့ တွဲဝတ်လို့လည်း ကောင်းပါတယ်။ Casual နဲ့ Cool စတိုင်ကို အမိဖမ်းနိုင်မယ့် ဖက်ရှင်ပါ။ အောက်မှာ အညို/မီးခိုးနဲ့ အနက်ဂျင်းအကပ်နဲ့ Sneaker တွဲဝတ်ပြီး Hoodie ကိုတော့ အဖြူရောင်နဲ့ Grey ကာလာရွေးချယ်သင့်ပါတယ်။

(၄) Leather Jacket

Photo: The Trend Spotter

ဆောင်းတွင်းမှာ Hoodie နဲ့ ဝတ်ဖို့အကောင်းဆုံး နောက်ထပ်ဖက်ရှင်တစ်မျိုးက Leather Jacket နဲ့ တွဲဝတ်တာပဲ ဖြစ်ပါတယ်။ နွေးလည်းနွေးပြီး စတိုင်ကျ သားနားစေမယ့် ဖက်ရှင်အတွဲအစပ်ဖြစ်ပါတယ်။ အောက်ခံတီရှပ်ဝတ်မယ်ဆိုရင် မီးခိုးဖျော့ကာလာ ရွေးနိုင်ပါတယ်။