ဂျင်းဂျက်ကတ်ဖက်ရှင်တွေက ယနေ့အချိန်အထိ လူကြီးလူငယ်မရွေးဝတ်ဆင်နေကြဆဲပါ။ ဘယ်တော့မှ ရိုးမသွားတဲ့ဖက်ရှင်တစ်ခုဆိုလည်း မမှားပါဘူး။ ပေါ့ပေါ့ပါးပါးအနေနဲ့ဝတ်ဝတ် စတိုင်ကျပြီးမိမိုက်နေတဲ့ဖက်ရှင်တစ်မျိုးပါ။ အခုလိုဆောင်းရာသီမှာ ဂျင်းဂျက်ကတ်နဲ့ ရှိုးထုတ်ချင်သူတွေအတွက် အတွဲစပ်မိတဲ့ ဖက်ရှင်တွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) Hoodie

Source : Ask

Hoodie ဖက်ရှင်စတိုင်ဟာ လူငယ်တွေကြားမှာ ယနေ့အထိရေပန်းစားနေတဲ့ ဖက်ရှင်တစ်မျိုးဖြစ်ပါတယ်။ Streetwear တွေလိုခေတ်လူငယ်စတိုင် ဖက်ရှင်တွေကို ဝတ်ဆင်ရတာကြိုက်နှစ်သက်သူတွေအတွက်တော့ ဂျင်းဂျက်ကတ်တွေနဲ့ ခေါင်းစွတ်အင်္ကျီ Hoodie ကအထိမိဆုံးတွဲဖက်မှု ဖက်ရှင်စတိုင်တစ်မျိုးဖြစ်ပါတယ်။ သတိထားရမှာတစ်ခုက ယနေ့ခေတ်ဖက်ရှင်ရေစီးကြောင်းပေါ်မှာခေတ်စားနေတဲ့ အရောင်တောက် တောက် Hoodie တွေကိုရှောင်ပြီး မီးခိုး (သို့မဟုတ်) အရောင်ခပ်နုနု Hoodie ဒီဇိုင်းတွေကိုတွဲဖက်ဝတ်ဆင်ဖို့ အကြံပြုချင်ပါတယ်။

(၂) ဂျင်းဘောင်းဘီအနက်

Source : Menback

လူငယ်ဆန်ပြီး တည်ငြိမ်တဲ့အသွင်ကို ဆောင်စေမယ့် ဖက်ရှင်တွဲဖက်မှုဆိုရင် အနက်ရောင်ဂျင်းဘောင်းဘီတွေက မပါမဖြစ်ထည့်စဉ်းစားရမှာပါ။ ဟိုနားဒီနားပေါ့ပေါ့ပါးပါးသွားရင်ဖြစ်စေ ပွဲတက်ဖို့အတွက်ဖြစ်စေ အနက်ရောက်ဂျင်းဘောင်းဘီက ယောကျာ်းလေးတော်တော်များများရဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ ဂျင်းဂျက်ကတ်နဲ့ အနက်ရောင်ဂျင်းဘောင်းဘီရဲ့ တွဲဖက်မှုကလည်း တကယ့်ကိုပြီးပြည့်စုံတဲ့ ဖက်ရှင်တစ်ခုဖြစ်ပါတယ်။

(၃) အားကစားဘောင်းဘီ

Source : Pinterest

အားကစားဘောင်းဘီနဲ့ ဂျင်းဂျက်ကတ်ရဲ့ တွဲဖက်မှုဖက်ရှင်က ကြောင်တောင်တောင်နိုင်မယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် Joggers ဘောင်းဘီလို ခပ်ပွပွစတိုင်အားကစားဘောင်းဘီနဲ့ ဂျင်းဂျက်ကတ်ကို တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ တကယ့်ကိုအထာကျကျနဲ့ လူငယ်စတိုင်ကိုအပေါ်လွင်ဆုံးဖြစ်စေမဲ့ ဖက်ရှင်အသွင်ကိုရရှိမှာဖြစ်ပါတယ်။

(၄) တီရှပ်အဖြူ

Source : Tumblr

ဂျင်းဂျက်ကတ်နဲ့ တီရှပ်အဖြူဆိုတာ တကယ့်ကို Classic ဆန်တဲ့ တွဲဖက်မှုတစ်ခုလို့ဆိုနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်တဲ့အသွင်ကို ဆောင်စေပြီး ရာသီဥတုမရွေး ဝတ်ဆင်ဖို့သင့်တော်ပါတယ်။ အောက်ခံ တီရှပ်အဖြူကို အပေါ်က ဂျင်းဂျက်ကတ်ထပ်ဝတ်ပြီး လမ်းထွက်ရင်တော့ အမျိုးသမီးတွေလည်ပြန်ငေးရမယ့် အထာကျသူတစ်ယောက်ဖြစ်မှာသေချာပါတယ်။