အမျိုးသားတိုင်း မရှိမဖြစ်ပိုင်ဆိုင်ထားသင့်တဲ့ အဝတ်အစားကတော့ ပိုလိုရှပ်အင်္ကျီပဲဖြစ်ပါတယ်။ ပိုလိုရှပ် ဝတ်မယ်ဆိုရင်တော့ ဒီနေ့ ဘယ်ဖက်ရှင်ဝတ်ရမလဲဆိုတာကို ဦးနှောက်ခြောက်ခံ စဉ်းစားစရာမလိုတော့ပါဘူး။ ကွီးတို့အားလုံးကို ရိုးရိုးရှင်းရှင်းလေးနဲ့ စမတ်ကျစေတဲ့ ဖက်ရှင်တစ်မျိုးဆိုလည်း မမှားပါဘူး။

ပိုလိုရှပ်အင်္ကျီတွေက မြန်မာနိုင်ငံရာသီဥတုနဲ့ ကိုက်ညီတာကြောင့် အမျိုးသားအများစု တမ်းတမ်းစွဲဝတ်ဆင်နေကြတဲ့ ရှပ်အင်္ကျီတစ်မျိုးလည်းဖြစ်ပါတယ်။ ဖက်ရှင်ကျစေတဲ့ ပိုလိုရှပ်အင်္ကျီတွေကို ပိုပြီးစတိုင်လ်ကျ ကြည့်ကောင်းအောင် ဘယ်လိုဝတ်ဆင်လို့ရမလဲဆိုတာကို ဆက်လေ့လာကြည့်ရအောင်လား။

ကြယ်သီးမပါတဲ့ ပိုလိုရှပ်အင်္ကျီ

ပိုလိုရှပ်အမျိုးအစားအများကြီးရှိတဲ့အထဲကမှ ကြယ်သီးပေါက်မပါတဲ့ ပိုလိုရှပ်အင်္ကျီကို ချီနိုဘောင်းဘီအဖြူလေးတွေနဲ့ တွဲဝတ်ပေးမယ်ဆိုရင် လွတ်လပ်ပေါ့ပါးတဲ့ လူငယ်စတိုင်လ်ကို ပိုင်ဆိုင်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း ဂျင်းဘောင်းဘီတွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါသေးတယ်။

Suit နဲ့ တွဲဝတ်ပါ

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ကတော့ Suit အနည်းဆုံး တစ်စုံစီပိုင်ဆိုင်ထားသင့်ပါတယ်။ ဒါပေမဲ့ Suit အပြည့်ဝတ်တဲ့အခါ အပေါ်ဝတ်အင်္ကျီကလည်း လက်ရှည်၊ အောက်က အင်္ကျီတစ်ထည်ကလည်း လက်ရှည်ဆိုရင် မြန်မာနိုင်ငံရာသီဥတုနဲ့ဆို အရည်ပျော်ကျသွားနိုင်ပါတယ်။ ဒါ့ကြောင့် Suit ဘောင်းဘီနဲ့လိုက်ဖက်မယ့် လက်တိုပိုလိုရှပ်ကို ရွေးချယ်ဝတ်ဆင်ပါ။

ပိုလို အစင်းကျားအင်္ကျီ

အရောင် နှစ်ရောင် (သို့မဟုတ်) သုံးရောင်ရောစပ်နေတဲ့ ပိုလိုရှပ်အင်္ကျီတွေကို စတိုင်လ်ဘောင်းဘီ၊  ချီနိုဘောင်းဘီအဖြူ၊  အစင်းကျားဘောင်းဘီ၊ ဒါမှမဟုတ် ဘောင်းဘီအကွက်တွေနဲ့ တွဲဖက်ဝတ်ဆင်ပေးမယ်ဆိုရင် ဖက်ရှင်အမြင်အသစ်တစ်မျိုးကို ပေးစွမ်းနိုင်မှာပါ။

အရောင်ဖျော့တဲ့ ပိုလိုရှပ်အင်္ကျီများ

ရာသီဥတုပူအိုက်တဲ့နေ့မျိုးမှာ အရောင်ဖျော့တဲ့ ပိုလိုရှပ်အင်္ကျီများကိုသာ ဝတ်ဆင်လိုက်ပါ။ အင်္ကျီက အဖြူဆို ဘောင်းဘီကို အညိုဖျော့နဲ့ တွဲဝတ်ပါ။ ရှုးဖိနပ်ကိုလည်း အမဲရောင်ထက် အညိုရောင်ကိုသာ ဦးစားပေးဝတ်ဆင်ပါ။

ပိုလိုရှပ်အင်္ကျီကို အခြားဘယ်လိုဖက်ရှင်တွေနဲ့တွဲပြီး ဝတ်ဆင်နိုင်မလဲဆိုတာကို လေ့လာလို့ရအောင် ဝေမျှပေးလိုက်ပါတယ်။

Source: Fashionbeans.com