ဖက်ရှင်မှာ ကာလာအတွဲအစပ်ကို အမြဲပဲ အလေးအနက် ထည့်ပြောကြပါတယ်။ ကာလာစပ်မှန်ကန်မှုက သင့်ဖက်ရှင်ကို ပိုပြီး သားနားတင့်တယ်စေတဲ့ အကြောင်းတစ်ခု ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ Black Pants တွေနဲ့ Brown Shoes တွေ ဝတ်ရာမှာ သိသင့်တဲ့အချက်တချို့ပြောချင်ပါတယ်။ အဓိကကတော့ အနက်ရောင် Pant တွေနဲ့ Brown Shoes တွေကို ဘယ်လိုနေရာတွေမှာ ဝတ်ဆင်သင့်သလဲဆိုတဲ့ အချက်ပါပဲ။
(၁) လုပ်ငန်းခွင်
Photo: robbreport
လုပ်ငန်းခွင် ရုံးတက်ဝတ်စုံအဖြစ် Black Pant နဲ့ Brown Shoes တွဲဝတ်နိုင်ပါတယ်။ ခါးပတ်ရွေးမယ်ဆိုရင်တော့ ဖိနပ်နဲ့လိုက်အောင် အညိုရောင် Brown Leather ခါးပတ်မျိုး ရွေးဖို့တော့ လိုပါတယ်။ Classic စတိုင်ရသတစ်ခု ရဖို့အတွက်ဆို ဖိနပ်အရောင်ကိုလည်း အညိုရင့် Dark Brown Hue ကာလာပြေးကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။
(၂) Casual
Photo: toptrendsguide
ပေါ့ပေါ့ပါးပါး Casual ဝတ်ရမယ့်နေရာမျိုးမှာလည်း အနက်ရောင်ဘောင်းဘီနဲ့ အညိုရောင်ဖိနပ်ကို တွဲဝတ်လို့ ရပါတယ်။ Black Pant ကို Joggers ဖြစ်ဖြစ် Jeans ဖြစ်ဖြစ် ရွေးနိုင်သလို Sneaker ဖြစ်ဖြစ် Boot ဖြစ်ဖြစ် Brown ဖြစ်ရင်ပြီးတာပါပဲ။ ပြဿနာမရှိပါဘူး။ အပေါ်မှာ White T-Shirt နဲ့ Jacket ကို ဝတ်နိုင်ပါတယ်။
(၃) Semi Formal
Photo: nextluxury
Formal ကျတဲ့ ပွဲတက်ဖက်ရှင် စဉ်းစားရာမှာ Black Pant & Brown Shoe အတွဲကို သုံးနိုင်ပါတယ်။ Formal ကျအောင် အရည်အသွေးမြင့် ချည်သားနဲ့ ချုပ်ထားတဲ့ Black Suit တစ်ထည်လိုပါတယ်။ ဖိနပ်ကိုတော့ အညိုရောင် လယ်သာ Oxford Shoes နဲ့ ရှပ်အင်္ကျီကို Classic Oxford Shirt ဝတ်ရမှာပါ။ ပွဲတက်မှာ ဖြစ်လို့ နက်ခ်တိုင် သုံးဖို့လည်း အကြံပေးချင်ပါတယ်။
Featured Photo: nextluxury