အမျိုးသားများနဲ့ အလိုက်ဖက်ဆုံးဖက်ရှင်အရောင်က ဘာအရောင်လဲဆိုတာကို စာဖတ်သူတို့ သိကြပါသလား။ အညိုရောင်ပဲဖြစ်ပါတယ်။ အညိုရောင်က စာဖတ်သူကိုကိုတို့ကို ပိုပြီးယောကျာ်းပီသအောင်၊ ဆွဲဆောင်မှုအားပြင်းအောင်၊ ရင့်ကျက်တည်ငြိမ်တဲ့ကိုကိုတစ်ယောက်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

စာဖတ်သူတို့ကို ညှို့ငင်အားပြင်းအောင် ကူညီပေးနိုင်တဲ့အညိုရောင်နဲ့ ဘယ်လိုဝတ်ရှင်ကျအောင် ဝတ်ဆင်ကြမလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်။

အညိုရောင် ကုတ်အင်္ကျီ

စာဖတ်သူက လတ်တလောမှာ နိုင်ငံခြားမှာနေထိုင်နေရတဲ့သူဆိုရင်တော့ အညိုရောင်ကုတ်အင်္ကျီဝတ်ရတာ အပန်းမကြီးလှတဲ့အပြင် ဖက်ရှင်လည်းကျပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ရာသီဥတုမှာ ကုတ်အင်္ကျီတကားကားနဲ့ ဝတ်ရင်တော့ ကိုယ့်ကိုဂြိုလ်သားတစ်ယောက်လို အထူးအဆန်းဝိုင်းကြည့်ကြမှာအမှန်ပါပဲ။

ပူအိုက်တဲ့ဒဏ်ကို မခံနိုင်တဲ့ကိုကိုတို့အတွက်ကတော့ အညိုရောင် ကုတ်အင်္ကျီမဟုတ်ဘဲ အညိုရောင်ရှပ်အင်္ကျီကို အပေါ်ဝတ်အဖြစ်ဝတ်ဆင်ကြည့်ပါ။ စွပ်ကျယ်အပါးတစ်ထည် အောက်မှာခံဝတ်ပြီး အညိုရောင်ရှပ်အင်္ကျီကို အပေါ်ကြယ်သီးတစ်လုံးဖြုတ်ပြီး (သို့) ကြယ်သီးလုံးဝမတပ်ဘဲ ဝတ်ဆင်ကြည့်ပါ။

အညိုရောင် Suit

စီးပွားရေသမားများအနေနဲ့ Suit ရွေးချယ်တဲ့အခါ အညိုရောင် အရောင်ကွဲလေးတွေ ဝတ်ဆင်ပေးပါ။

အညိုရောင် ဘောင်းဘီ

အညိုရောင် ဘောင်းဘီရွေးချယ်ဝတ်ဆင်တဲ့အခါ အင်္ကျီကို ခဲရောင် (သို့) နီညိုရောင် (သို့) အဖြူရောင် (သို့) စစ်စိမ်းရောင်လေးတွေနဲ့ တွဲဝတ်ပေးလိုက်ပါ။ အဓိကကတော့ အရောင်ကစားတတ်ဖို့ပဲလိုတာပါ။

အညိုရောင် ရှုးဖိနပ်

ရှုးဖိနပ်၊ အားကစားဖိနပ်တွေ ရွေးချယ်ဝယ်ယူတဲ့အခါ အပေမခံတဲ့အရောင်ဖျော့တွေထက် အပေခံတဲ့အညိုရောင်တွေကိုသာ ရွေးချယ်သင့်ပါတယ်။ ဖိနပ်ဖက်ရှင်ကလည်း အဓိကကျတဲ့အခန်းကဏ္ဍမှာ ပါဝင်တာကြောင့် မျက်ကွယ်ပြုထားလို့မရပါဘူး။ တကယ်လို့ ညစ်ပတ်ပေရေနေတဲ့အရောင်ဖျော့ဖိနပ်တွေကို ဝတ်ဆင်တဲ့အခါ စာဖတ်သူရဲ့ဖက်ရှင်စတိုင် ပျက်ယွင်းသွားမှာပဲဖြစ်ပါတယ်။

Source: Fashionbeans.com