Chinos လို့ ပြောလိုက်ရင် စမတ်ကျကျဝတ်ရတဲ့ ချည်သားဘောင်းဘီလို့ မြင်ကြမှာပါ။ အခုနောက်ပြီးမှာ Formal ကျတဲ့ ပွဲတွေမျိုးမှာ Chino Pants တွေနဲ့ Blazer တွေ တွဲဝတ်ပြီး ပွဲတက်လာနေပါတယ်။ များသောအားဖြင့် Chino ဘောင်းဘီဆိုရင် အညိုဖျော့ရောင် ၊ နက်ပြာရင့် ၊ အသားရောင် ၊ ခဲရောင် နဲ့ မီးခိုးနုကာလာတွေကို လူကြိုက်ပိုများနေပါတယ်။ Chino ဘောင်းဘီဝတ်ရင် စတိုင်ကျပြီး ဖက်ရှင်မိဖို့အတွက် ဒီအင်္ကျီအမျိုးအစားတွေနဲ့ တွဲဖက်ပြီး ဝတ်ဆင်သင့်ပါတယ်။

(၁) T-Shirt

Photo: dmarge

Classic အကျဆုံး စတိုင်ဖြစ်ပြီး ဝတ်တိုင်းလည်း မရိုးနိုင်တဲ့ ပုံစံထဲမှာ Chino ကို T-Shirt တွေနဲ့ တွဲဝတ်တာ ပါပါတယ်။ အရောင်အနေနဲ့လည်း သိပ်ပြီး ခေါင်းစားစရာ မလိုတာကြောင့် အကြိုက်လည်း များပါတယ်။ Chino ဘောင်းဘီတွေနဲ့ လိုက်ဖက်တဲ့ အရောင်တွေကတော့ အနက် ၊ အဖြူ ၊ နက်ပြာရောင် တီရှပ်တွေ ဖြစ်ပါတယ်။ နွေရာသီမှာ ပေါ့ပေါ့ပါးပါး ဝတ်လို့လည်း ကောင်းပြီး အမြင်အေးပါလိမ့်မယ်။

(၂) Shirt

Photo: dmarge

ရိုးရိုးရှပ်လက်ရှည်ကို Chino နဲ့ တွဲဝတ်လိုက်ရင် ပိုပြီးတော့ သပ်ရပ်ခန့်ညားသွားတဲ့ပုံ ပေါက်လာပါတယ်။ ရှပ်လက်ရှည်ဗြောင်ပဲ ဖြစ်ဖြစ် အစင်းပဲ ဖြစ်ဖြစ် ပြဿနာမရှိပါဘူး။ ပေါ့ပါးတဲ့ အရောင်ဖြစ်ဖို့တော့ ပိုဂရုစိုက်သင့်ပါတယ်။

(၃) Blazer

Photo: dmarge

အခမ်းအနားတစ်ခုကို ပေါ့ပေါ့ပါးပါး ပွဲတက်သွားမယ်ဆိုရင် ၊ ဖောက်သည်နဲ့ တွေ့ဆုံဖို့ သပ်သပ်ရပ်ရပ် ဝတ်စရာ စဉ်းစားနေတယ်ဆိုရင် Chino ကို တီရှပ်/ရှပ် ၊ Blazer ကုတ်အပါးနဲ့ ဝတ်သွားနိုင်ပါတယ်။ အပြာရောင် Chino Pants နဲ့ အနက်ရောင် Blazer အတွဲက နာမည်ကြီးပါတယ်။ ဒါမှမဟုတ် ကာကီရောင် Chino ဘောင်းဘီနဲ့ အနက် /အပြာရောင် Blazer ကုတ်တို့လည်း ဝတ်လို့ ရပါတယ်။

(၄) Bomber Jacket

Photo: dmarge

လူငယ်ဆန်ဆန်ဖက်ရှင်အတွက်ပါ။ သူငယ်ချင်းတွေနဲ့ အပြင်မှာ တွေ့ဖို့ ချိန်းထားရင် ဖြစ်ဖြစ် ၊ ရှိုးပွဲသွားရာမှာ ဖြစ်ဖြစ် ဒီဖက်ရှင်နဲ့ တွဲဝတ်နိုင်ပါတယ်။ Chino နဲ့ Bomber Jacket က လုံးဝ Casual ဆန်ပြီး လွတ်လပ်မြူးကြွတဲ့ စတိုင် ဖြစ်ပါတယ်။ Chino ဝတ်မယ်ဆိုရင် စီးသင့်တဲ့ ဖိနပ်တွေအနေနဲ့ Converse All-Star လို ပေါ့ပါးတဲ့ Sneaker ၊ လယ်သာ Boot နဲ့ အညိုရောင် Loafer ဖိနပ်တွေ ရွေးသင့်ပါတယ်။