Grey Jeans လို့ဆိုတဲ့ မီးခိုးရောင် Jeans အဖျော့တွေကို နွေရာသီလို ပူနွေးတဲ့ကာလမျိုးမှာ ပေါ့ပေါ့ပါးပါး ဝတ်လေ့ရှိကြပါတယ်။ တကယ်တော့ Grey Jeans တွေကို ပူအိုက်တဲ့ ရာသီတွေမျိုးမှာတင် မဟုတ်ဘဲ ချမ်းစိမ့်စိမ့်အချိန်မျိုးမှာလည်း စတိုင်ထုတ်ဝတ်လို့ ရပါတယ်။

(၁) Casual ဖက်ရှင်

Photo: DMarge

Grey Jeans နဲ့ Casual Fashion မှာ အလိုက်ဖက်ဆုံးက Fitting ကျတဲ့ အနက်ရောင်တီရှပ်ပါပဲ။ အနက်ရောင်တီရှပ်တွေကို သိပ်ဓါတ်မကျဘူးဆိုရင်တော့ အဖြူဗြောင် Plain T-Shirt ဝတ်နိုင်ပါတယ်။ ဖိနပ်ကိုတော့ အဖြူ ဒါမှမဟုတ် အနက်ရောင် Sneaker စီးသင့်ပါတယ်။

(၂) တွဲဖက်စီးရမယ့် ဖိနပ်

Photo: hotdrops

ပုံမှန်သွားသွားလာလာမျိုးမှာ Sneaker နဲ့ တွဲဝတ်တာက အဆင်ပြေပါတယ်။ ဖက်ရှင်ပိုကျချင်ရင်တော့ Slim Grey Jeans ကို Chelsea Boots နဲ့ တွဲစီးတာ ပိုပြီး စတိုင်မိစေပါတယ်။ ရုံးသွားရုံးတက်ဆိုရင် အညိုဖျော့ရောင် Loafers နဲ့ Brown Shoes မျိုးနဲ့ တွဲဝတ်နိုင်ပါတယ်။

(၃) Grey Jeans Outfit အိုင်ဒီယာတွေ

Photo: DMarge

Dark Grey Jeans လို့ မီးခိုးရင့် Jeans ဖက်ရှင်မျိုးကို အဖြူရောင် ရှပ်နဲ့ ဝတ်မယ်ဆိုရင် ပိုပြီးတော့ Relaxed Style ပေါက်စေပါတယ်။ Light Grey ကာလာအဖျော့မျိုးနဲ့ဆိုရင်အပေါ်မှာ အရောင်ဖျော့ Denim Jeans ရှပ်လက်ရှည် နဲ့ ဝတ်တာ ပိုကြည့်လို့ ကောင်းပြီး ရှပ်အဖြူနဲ့ အပေါ်မှာ Blazer တွဲပြီးလည်း ဝတ်လို့ ကောင်းပါတယ်။ Street Style မှာတော့ Ripped Grey Jeans ကို လက်မောင်းပေါ်အောင် လက်အနားစွန်းခေါက်ထားတဲ့ T-Shirt အဖြူရောင် ၊ အနက်ရောင်တွေနဲ့ တွဲဝတ်နိုင်ပါတယ်။ ရာသီဥတုအေးရင်တော့ အပေါ်မှာ Bomber Jacket လေးနဲ့ ဝတ်သင့်ပါတယ်။