အသက် ၂၀ ကျော်အရွယ်သည် မာယာများတဲ့အရွယ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ တခါတရံမှာ သင်သည် ဆယ်ကျော်သက်စိတ်ကုန်သေးဦးမှာမဟုတ်ဘဲ တခါတရံမှာလည်း ရင့်ကျက်တဲ့အသွင် ပေါက်သွားနိုင်ပါတယ်။

ဒီလိုမျိုးကလေးဆန်မှုနဲ့ ရင့်ကျက်မှုတို့ တလှည့်စီဖြစ်ပေါ်နေချိန်မှာ သင် ဝတ်စားတဲ့ အဝတ်အစားစတိုင်လ်သည်လည်း သင့်ရဲ့ စိတ်ခံစားချက်အပေါ် မူတည်ပြီး ပြောင်းလဲသွားမှာအမှန်ပါပဲ။ ဒါ့ကြောင့် ကိုယ့်ရဲ့ ဖက်ရှင်စတိုင်လ်ကို အခုကတည်းက ဖန်တီးယူမှ ကိုယ်ပိုင် Icon တစ်ခုထွက်လာမှာပါ။

၂၀ ကျော် ကွီးတို့အနေနဲ့ အဝတ်အစားများ ဝတ်စားဆင်ယင်တဲ့အခါ ဘယ်လိုအချက်များကို သိထားသင့်သလဲ။

ပွယောင်းလွန်းသော အဝတ်အစားများ ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ

How to Wear in Your 20s

Photo: Joom

၂၀ ကျော်အရွယ်သည် ခန္ဓာကိုယ်က အချိုးအကျဆုံးအရွယ်ဖြစ်ပါတယ်။ ကွီးတို့ Workout လုပ်ရင် လုပ်သလောက် အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်ခန္ဓာကိုယ်အချိုးအစားကျမှုကို ဖုံးသွားစေမယ့် အင်္ကျီအပွကြီးများ ဝတ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ ကွက်တိကျမယ့် အဝတ်အစားများကိုသာ ရွေးချယ်ဝတ်ဆင်ပါ။

မိမိအသားအရေက ဘယ်အရောင်နဲ့ လိုက်ဖက်သလဲဆိုတာကို သိထားဖို့လိုအပ်ပါတယ်

How to Wear in Your 20s

ဒီအချက်သည်လည်း အရေးကြီးပါတယ်။ အသားညိုသူများ၊ အသားလတ်သူများသည် အပြာဖျော့ရောင်၊ အဝါရောင်၊ ပန်းနုရောင်၊ အဖြူရောင်တို့နဲ့ လိုက်ဖက်ပြီး အသားဖြူတဲ့ကွီးများအတွက်ကတော့ နေဗီပြာရောင်၊ အစိမ်းရင့်ရောင်၊ အနီရင့်ရောင်၊ အညိုရောင်တို့နဲ့ လိုက်ဖက်ပါတယ်။ ကိုယ့်အသားအရောင်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားများကို သေချာရွေးချယ်ဝတ်ဆင်ပါ။

စက်ချုပ်ဆရာများ၊ ဆံသဆရာများနဲ့ မိတ်ဆွေဖွဲ့ပါ

How to Wear in Your 20s

ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်သည် ကွီးတို့ရဲ့မျက်နှာကို ပိုမိုဆွဲဆောင်မှုတိုးသွားစေတယ်ဆိုတာကို ယုံကြည်ပါသလား။စက်ချုပ်ဆရာတွေဆိုတာကလည်း အမျိုးသမီးတွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ အမျိုးသားများသည်လည်း ကိုယ့် ကိုယ်တိုင်းနဲ့ တိုင်းချုပ်ထားတဲ့အဝတ်အစားများ ဝတ်ဆင်သင့်ပါတယ်။ ဒီနှစ်ချက်ကိုလည်း အသက် ၂၀ ကျော်လာတဲ့အခါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

ကိုယ့်ရဲ့ဖိနပ်ကို ဂရုစိုက်ပါ

How to Wear in Your 20s

ကွီးတို့သည် ကောင်မလေးနဲ့ ဒိတ်လုပ်ဖို့ပဲသွားသွား၊ အလုပ်အင်တာဗျူးအတွက်ပဲ သွားသွား First Impression သည် အရေးအကြီးဆုံးဖြစ်ပါတယ်။ ထိုအချိန်သည် ကွီးတို့ရဲ့အဝတ်အစားစတိုင်လ်ကတော့ ရေလည်လန်းနေပါရဲ့။ ဒါပေမဲ့ ဖိနပ်က ညစ်ပတ်ပေရေနေမယ်ဆိုရင်တော့ Impression ကျသွားပါလိမ့်မယ်။ ဒါ့ကြောင့် အပြင်မထွက်ခင်မှာကိုယ့်ရဲ့ ဖိနပ်ကို သေသေချာချာ သန့်ရှင်းသွားသင့်ပါတယ်။

ကိုယ့်ရဲ့အဝတ်ဘီဒိုကို တဖြည်းဖြည်းချင်းစီ တည်ဆောက်ယူပါ

How to Wear in Your 20s

ဒီအရွယ်ကစပြီး ကိုယ့်ရဲ့အဝတ်အစားဘီဒိုကို အရည်အသွေးကောင်းမွန်သော အဝတ်အထည်များနဲ့ ဖြည့်ထားဖို့လိုအပ်ပါလိမ့်မယ်။ အရောင်မတူတဲ့ ဂျင်းဘောင်းဘီများ ဝယ်ယူခြင်း၊ အမျိုးအစားမတူသော ဘောင်းဘီများဝယ်ယူခြင်း၊ မတူညီသော ကုတ်အင်္ကျီအမျိုးမျိုး ဝယ်ယူခြင်း စသည်ဖြင့် နည်းနည်းချင်းစီ ဖြည့်ဝယ်ရမှာဖြစ်ပါတယ်။

စမတ်ကျကျပြုမူပြောဆိုနေထိုင်ပါ

How to Wear in Your 20s

ကွီးတို့ရဲ့ ပြုမူပြောဆိုပုံများသည်လည်း စမတ်ကျအောင် ကူညီပေးနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။ ဒါ့ကြောင့် တစ်စုံတစ်ရာကို သေချာစဉ်းစားပြီးမှ ပြောဆိုပါ။ ဗဟုသုတအသစ်များကို ရှာဖွေလေ့လာဆည်းပူးပါ။ တချိန်ချိန်မှာ ကိုယ့်အတွက် အသုံးတည့်မယ်ဆိုတာ ဧကန်မလွဲပါ။

Source: Gq-magazine.co.uk

Featured Image: Medium