Loafer တွေဟာ Modern Lifestyle တစ်ခုအဖြစ် တွင်ကျယ်လာနေတဲ့ Footwear တစ်မျိုး ဖြစ်ပါတယ်။ Loafers တွေကို များသောအားဖြင့် နူးညံ့ချောမွေ့တဲ့ လယ်သာလို သား‌ရေသားနဲ့ ချုပ်လေ့ရှိပြီး အရောင်ရင့်ရင့်နဲ့ လာလေ့ရှိပါတယ်။ Loafers စီးတော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။

အမျိုးသားစီး Loafers တွေနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်က စမတ် Casual Dress Code ဖြစ်ပါတယ်။ စတိုင်အရလည်း ဖက်ရှင်မိသလို အဆင့်အတန်းလည်း ပိုရှိစေပါတယ်။ Smart Casual ဖက်ရှင်ဆိုတာက ပုံမှန်ခပ်ရိုးရိုး ပေါ့ပေါ့ပါးပါး ဖက်ရှင်ထက် ပိုပြီး စမတ်ကျကျ သားနားတာမျိုးကို ပြောတာ ဖြစ်ပါတယ်။ Fitting ကျတဲ့ Trouser ဘောင်းဘီ ၊ ရှပ်လက်ရှည်နဲ့ ဘလေဇာကုတ်တစ်ထည်ဆိုရင် Smart Casual ဖြစ်ပါပြီ။

Photo: Freepik

ဝတ်စုံပြည့်ဖက်ရှင် နက်ခ်တိုင်အနက်နဲ့ Loafers က မလိုက်ပါဘူး။ ကုတ်ဝတ်မယ်ဆိုရင်လည်း ရိုးရှင်းပြီး နက်ခ်တိုင်မပါတဲ့ ဖက်ရှင်မျိုး ရွေးချယ်သင့်ပါတယ်။ အရေးကြီးတာက ရိုးနိုင်သမျှ ရိုးရှင်းပြီး သားသားနားနား ဖြစ်ဖို့ပါပဲ။ Suit ဝတ်ရင်လည်း အရောင်ရင့်ရင့်တွေ ရွေးပါ။ အရည်အသွေးကောင်းတဲ့ ချည်သားမျိုး သုံးပါ။

ဘောင်းဘီတိုနဲ့ Loafers ကလည်း လိုက်ဖက်ပါတယ်။ အဲ့လို ပေါ့ပေါ့ပါးပါးဝတ်မယ်ဆိုရင် ခြေအိတ်မပါဘဲ စီးနိုင်ပါတယ်။ နွေရာသီနဲ့ အလိုက်ဆုံး ဖက်ရှင်ပဲ ဖြစ်ပါတယ်။ အရောင်ကိုလည်း နွေရာသီနဲ့လိုက်ဖက်အောင် ပေါ့ပါးတဲ့ အရောင်မျိုး ‌ရွေးချယ်သင့်ပါတယ်။ တချို့က ရှပ်အဖြူလက်ရှည်နဲ့ Beach Mode ဆန်ဆန် ဝတ်ကြပါတယ်။

Photo : Pinterest

နောက်ဆုံးတစ်ချက်အနေနဲ့ Loafer ဝယ်မယ်ဆိုရင် သတိထားသင့်တဲ့ အချက်တစ်ခုက Loafer ဝယ်မယ်ဆိုရင် လယ်သာညိုရောင် ၊ အနက်ရောင်လိုမျိုး အရောင်တွေ ရွေးချယ်ဖို့ပါပဲ။ တကယ်လို့ Loafers ကို ခြေအိတ်နဲ့ စီးမယ်ဆိုရင် ကိုယ့်ခြေအိတ်အရောင်နဲ့ ဒီဇိုင်းဟာ ကိုယ်ဝတ်ထားတဲ့ အဝတ်အစားဒီဇိုင်းနဲ့ ဟပ်နေဖို့ လိုပါတယ်။