Skinny Jeans တွေ ဝတ်ရတာ သတိတော့ ထားရပါတယ်။ မဝတ်တတ်ရင် Shinny Jeans တွေက ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုကို ပုံပျက်စေလို့ ဖြစ်ပါတယ်။ တကယ်လို့ အမျိုးသားတွေအနေနဲ့ Skinny Jeans ဖက်ရှင် ဝတ်ဖို့ စဉ်းစားထားတယ်ဆိုရင် ဒီအချက်လေးတွေ သိထားဖို့တော့ လိုမှာပါ။

(၁) ကိုယ့်ရဲ့ ကိုယ်ခန္ဓာအချိုးအစားကို သိပါ

Photo: thetrendspotter

လူတွေက တစ်ယောက်နဲ့ တစ်ယောက် ကိုယ်လုံးကိုယ်ပေါက်ချင်း တူတာ မဟုတ်ပါဘူး။ ပိန်တဲ့သူတွေဆီ နည်းနည်း ချောင်ချိတဲ့ Standard Version ကို ရွေးသင့်ပါတယ်။ ပုံမှန်ကိုယ်လုံးကိုယ်ပေါက်ရှိသူက Fitted Style မျိုး ဝတ်လို့ ရပါတယ်။ ကိုယ့်ဘော်ဒီနဲ့ Balance ဖြစ်အောင် ဘောင်းဘီအနားတွေ လိပ်ထားလို့ ရပါတယ်။

(၂) Fit ဖြစ်ဖို့ စဉ်းစားပါ

Photo: thetrendspotter

Skinny Jeans အမျိုးအစားတွေ ဝတ်မယ်ဆိုရင် လုံးဝအသားကပ်ကြီးမျိုး ဝတ်တာ ရှောင်သင့်ပါတယ်။ ဒါမျိုးက အမျိုးသားတွေနဲ့ မလိုက်ပါဘူး။ တင်ပါးနဲ့ ပေါင်နေရာတွေ Fit ဖြစ်ပြီး ခြေသလုံးမှာ Skinny ဖြစ်တာမျိုးဆို အနေတော်ပါပဲ။

(၃) Ripped Skinny Jeans မျိုး ဝတ်ပါ

Photo: thetrendspotter

ဒူးနဲ့ပေါင်နေရာဖြဲထားတဲ့ Skinny Jeans တွေက ဝတ်သူကို ပိုပြီး အချိုးကျစေနိုင်ပါတယ်။ နည်းနည်းလေးတော့ အရိုင်းဆန်နေပါလိမ့်မယ်။ ဒါပေမယ့်လည်း Ripped Jeans ဝတ်ရတာ သိပ်မစိုးရိမ်ဘူး ဆိုရင် Ripped Skinny Jeans တွေ ဝတ်ကြည့်သင့်ပါတယ်။

Skinny Jeans ကို Casual ကျကျ ဝတ်မယ်ဆိုရင် T-Shirt ဗြောင် ချောင်ချိချိနဲ့ တွဲဝတ်သင့်ပါတယ်။ နောက်ပြီး ရာသီဥတုနဲ့ လိုက်ပြီး Jeans ကာလာကို ပြောင်းပေးသင့်ပါတယ်။ နွေရာသီမှာဆိုရင် ဖျော့တော့တော့ ကာလာနဲ့ ဆောင်းတွင်းမှာ အရောင်ရင့်ရင့် Jeans မျိုး ရွေးချယ်တာ အကောင်းဆုံးပါပဲ။