ပူအိုက်တဲ့နွေရာသီမှာ ခြေညှပ်ဖိနပ်၊ ကွင်းထိုးဖိနပ်၊ ကြိုးသိုင်းဖိနပ်လေးတွေ ဝတ်ရတာလောက် ပေါ့ပေါ့ပါးပါးသက်သောင့်သက်သာရှိတာ မရှိပါဘူး။ ထိုဖိနပ်တွေက စတိုင်လ်ကျတဲ့အပြင် လွယ်လွယ်ကူကူဝတ်လို့ရတဲ့ ဖိနပ်လေးတွေပဲဖြစ်ပါတယ်။ ထိုဖိနပ်တွေကို ဘောင်းဘီတို၊ ချီနိုဘောင်းဘီ၊ ဂျင်းဘောင်းဘီတို့နဲ့ တွဲဖက်ဝတ်လို့လည်း ရပါတယ်။

ဖက်ရှင်ချစ်သူကွီးတို့အတွက် ဒီတစ်ခါဖော်ပြပေးချင်တာကတော့ ကွင်းထိုးနဲ့ ကြိုးသိုင်းဖိနပ်လေးတွေကို အထာကျကျဘယ်လိုဝတ်မလဲဆိုတဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။

ဂျင်းဘောင်းဘီနဲ့ ဝတ်တဲ့အခါ

ကွင်းထိုးဖိနပ်ကို ဂျင်းဘောင်းဘီနဲ့ ဝတ်တဲ့အခါ ဂျင်းဘောင်းဘီအရှည်က ခြေမျက်စိဖုံးနေမယ်ဆိုရင် ခေါက်ဝတ်ပေးလိုက်ပါ။ ဖိနပ်ကြိုးအရောင်က အမဲရောင်ဆိုရင် အင်္ကျီကို နက်ပြာရောင် (သို့) အနက်ရောင်နဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့ နာရီနဲ့လည်း တိုက်ဝတ်လို့ရပါသေးတယ်။

ဘောင်းဘီအတိုနဲ့ တွဲဝတ်တဲ့အခါ

ဘောင်းဘီတိုတွေက အမျိုးအစားမျိုးစုံရှိတဲ့အတွက် ချီနိုဘောင်းဘီတိုလား၊ Denim ဘောင်းဘီတိုလား၊ ရေကူးဘောင်းဘီတိုလား စသည်ဖြင့် ကိုယ်ဝတ်မယ့် အမျိုးအစားပေါ်မူတည်ပြီး သားရေကြိုးသိုင်းလား၊ ချည်သားဖိနပ်ကြိုးသိုင်းလားဆိုတာ ရွေးချယ်ပေးရပါမယ်။

ကြိုးသိုင်းဖိနပ်နဲ့ ဘောင်းဘီရှည်

ဘောင်းဘီရှည်နဲ့ တွဲဝတ်တာက ဘောင်းဘီတိုနဲ့ ဝတ်တာထက်စာရင် ပိုခေါင်းစားရပါတယ်။ ဘောင်းဘီတိုနဲ့ဆို ပေါ့ပေါ့ပါးပါးစတိုင်လ်လေးရရှိနိုင်ပေမယ့် ဘောင်းဘီရှည်နဲ့ဆိုရင်တော့ ဖက်ရှင်နှစ်ခုက ဆန့်ကျင်ဘက်ဖြစ်မသွားအောင် သေချာရွေးချယ်သင့်ပါတယ်။

သတို့သားဝတ်စုံနဲ့လည်း လိုက်ဖက်မှုရှိ

သတို့သား၊ သတို့သားအရန်ဝတ်စုံတွေ ဝတ်တဲ့အခါ ရှုးဖိနပ်နဲ့ပဲ ဝတ်ဆင်သင့်တယ်၊ ရှုးဖိနပ်နဲ့ပဲ အမြင်တင့်တယ်တာ၊ လိုက်ဖက်မှုရှိတာမဟုတ်ပါဘူး။ ကွင်းထိုးဖိနပ်လေးတွေကလည်း ပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင်ကျနေမှာပါ။

ကွင်းထိုး၊ ကြိုးသိုင်း အမျိုးအစားများ

ဒီဖိနပ်အမျိုးအစားတွေက ရာဘာဖိနပ်ဒီဇိုင်းလည်း ရှိသလို၊ သားရေ ဖိနပ်အမျိုးအစားလည်း ရှိပါတယ်။ တချို့ကြိုးတွေကျတော့ ချည်သားကြိုးအကျစ်လေးတွေနဲ့ ပြုလုပ်ထားတာလည်း ရှိပါတယ်။ ကိုယ့်ရဲ့ ဖက်ရှင်အနေအထား၊ ကိုယ် ဘတ်ဂျက်ဘယ်လောက် သုံးချင်လဲပေါ်မူတည်ပြီး မိမိကြိုက်နှစ်သက်ရာကို ရွေးဝယ်နိုင်ပါတယ်။

ကွင်းထိုး၊ ကြိုးသိုင်းဖိနပ်တွေနဲ့ လန်းလို့ရတဲ့ ဖက်ရှင်မျိုးစုံကိုလည်း တစ်ခါတည်းဖော်ပြပေးလိုက်ပါတယ်။

Source: Menfashionnow.com