ဂျင်းဘောင်းဘီသည် အကြမ်းပတမ်းခံသော ဘောင်းဘီအမျိုးအစားတစ်ခုဖြစ်ပြီး လူကြီးလူငယ် ကျား မ မရွေး နှစ်ခြိုက်စွာ ဝတ်ဆင်ကြပါတယ်။ ဂျင်းဘောင်းဘီဖက်ရှင်သည် လွတ်လပ်ပေါ့ပါးပြီး လူငယ်ဆန်တဲ့ဖက်ရှင်တစ်မျိုးဖြစ်တာကြောင့် ယောကျာ်းလေးအများစု နှစ်သက်ကြပါတယ်။
ကိုယ်ကြပ်ဂျင်းဘောင်းဘီ၊ ဆွဲသားဂျင်းဘောင်းဘီ၊ ဒဲ့ပွဂျင်းဘောင်းဘီ စသည်ဖြင့် ဂျင်းဘောင်းဘီအမျိုးအစားအမျိုးမျိုး ရှိသည့်အနက် အခုဖော်ပြပေးမှာကတော့ ကိုယ်ကြပ်ဂျင်းဘောင်းဘီဖက်ရှင်များပဲဖြစ်ပါတယ်။
ကိုယ်ကြပ်ဂျင်းဘောင်းဘီကို ဘယ်လိုအင်္ကျီဖက်ရှင်တွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်မလဲဆိုတော့ …
တီရှပ်နှင့် တွဲဖက်ဝတ်ဆင်ပါ
ကော်လံပါသော ရှပ်အင်္ကျီနှင့် တွဲဖက်ဝတ်ဆင်ပါ
ချမ်းအေးတဲ့ ရာသီဥတုမျိုးမှာ ဆွယ်တာအင်္ကျီနှင့် တွဲဖက်ဝတ်ဆင်ပါ
စမတ်ကျကျ ဝတ်ဆင်ချင်တယ်ဆိုရင်တော့ ဘလေဇာအင်္ကျီနှင့် တွဲဖက်ဝတ်ဆင်ပါ
စတိုင်လ်ကျကျ မိမိုက်ချင်တယ်ဆိုရင်တော့ ဂျက်ကတ်အင်္ကျီနှင့် တွဲဖက်ဝတ်ဆင်ပါ
သင်ရော ကိုယ်ကြပ်ဂျင်းဘောင်းဘီကို ဘယ်လိုအင်္ကျီဖက်ရှင်မျိုးနဲ့ တွဲဖက်ဝတ်ဆင်ရတာကို ကြိုက်နှစ်သက်ပါသလဲ။
Soure: Dmarge.com