ကွီးတို့ဆီမှာ ခါးချောင်နေတဲ့ ဘောင်းဘီ ဘယ်နှထည်လောက် ပိုင်ဆိုင်ထားပါသလဲ။

ခါးချောင်နေတဲ့ဘောင်းဘီတွေ ဝတ်ဆင်တဲ့အခါ ခါးပတ်က မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။ ဘောင်းဘီ လျှောမကျအောင် ကူညီပေးပြီး ဖက်ရှင်ကျအောင်လည်း ကူညီပေးပါသေးတယ်။ ရိုးရိုးခါးပတ်လိုပဲ ဆိုင်းကွင်းကြိုးတွေကလည်း ဖက်ရှင်ကျအောင် ကူညီပေးတာကတော့ ကျွန်တော်တို့ မျက်မြင်ပဲဖြစ်ပါတယ်။

ဝမ်းနည်းစရာကောင်းတာကတော့ ထိုကြိုးသိုင်းဖက်ရှင်က ဖက်ရှင်ရေစီးကြောင်းမှာ ခဏတာပဲ ရေပန်းစားခဲ့ပြီး အခုအချိန်မှာတော့ မှေးမှိန်ပျောက်ကွယ်သွားပြီပဲဖြစ်ပါတယ်။ ဖက်ရှင်ရေစီးကြောင်းဆိုတာ အမြဲတမ်းပြောင်းလဲနေတာပဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ဂျင်းဘောင်းဘီအပြဲတွေက ရေပန်းစားနေပေမယ့် နောင်နှစ်တွေကျရင် လူကြိုက်များချင်မှ များတော့မှာပါ။

စာဖတ်သူ ဖက်ရှင်ချစ်သူတွေအနေနဲ့ ကိုယ့်ရဲ့ ဖက်ရှင်စတိုင်လ်ကို လွတ်လွတ်လပ်လပ်ဖန်တီးရဲပြီး အများအမြင်ကို ဂရုမစိုက်တတ်တဲ့သူဆိုရင်တော့ ဒီကြိုးသိုင်းဖက်ရှင်လေးတွေကို စမ်းဝတ်ကြည့်လိုက်ပါ။ ဖက်ရှင်လောကမှာ နာမည်ကြီးချင်လည်း ကြီးလာနိုင်ပါတယ်။

ကြိုးသိုင်းဖက်ရှင်လေးတွေကို ဘယ်လိုဘောင်းဘီ၊ ဘယ်လိုအင်္ကျီလေးတွေနဲ့ ဖက်ရှင်ကျကျရှိုးထုတ်လို့ရမလဲဆိုတာ ဖက်ရှင်ချစ်သူကွီးတို့အတွက် ဝေမျှပေးလိုက်ပါတယ်။

Source: nextluxury.com