ဥတုပြောင်းလို့ ခပ်စိမ့်စိမ့်လေး အေးလာပြီဆိုရင် ဆွယ်တာအပါးလေးတွေဝတ်ရတာ ကျန်းမာရေးနဲ့လည်းညီ ဖက်ရှင်လည်းမိ, တော့တာပါပဲ။ ဆွယ်တာတွေမှာလည်း T-Shirt တွေလို လည်ဝိုက် Crew Neck နဲ့ ဗွီပုံစံလည်ပင်းပေါက် V-Neck ဆိုပြီး နှစ်မျိုးထွက်ပါတယ်။ Crew Neck လိုပဲ V-Neck ဆွယ်တာတွေဟာ ဆောင်းရာသီလို အေးမြတဲ့ရာသီဥတုတွေမှာ ဝတ်ဖို့ သင့်အဝတ်ဗီရိုထဲမှာ ရှိထားသင့်ပါတယ်။

အရင်ဆုံး ပြောချင်တာက V-Neck ဆွယ်တာကို ဘယ်လို ရွေးမလဲဆိုတာပါပဲ။ အမျိုးသားဝတ် V-Neck ဆွယ်တာတစ်ထည် ဝယ်မယ်ဆိုရင် ပထမဆုံး စဉ်းစားရမှာက ကိုယ်နဲ့ Fit ဖြစ်ဖို့နဲ့ သုံးတဲ့ချည် Fabric မှန်ဖို့ပါပဲ။ Fit ဖြစ်တယ်ဆိုရာမှာ အောက်ခံဝတ်မယ့် အဝတ်အစားနဲ့လည်း သက်တောင့်သက်သာရှိပြီး ဆိုဒ်မကျပ်လွန်း ၊ မကြီးလွန်း ဖြစ်ရမယ်ဆိုတဲ့အချက်ကို ထည့်တွက်ဖို့ လိုပါတယ်။ ချည်အနေနဲ့ နွေးထွေးပြီး ပေါ့ပါးတဲ့ သိုးမွေးချည်ကို ရွေးချယ်ရမှာပါ။

v-neck sweater

Photo: Omaha Lace Cleaners

များသောအားဖြင့် V-Neck ဆွယ်တာတွေကို Layering အဖြစ် ဝတ်ကြပါတယ်။ ကျွန်တော်တို့ ဆီမှာလို သိပ်အအေးကြီးမဟုတ်တဲ့ ဒေသတွေမှာတော့ သူ့ချည်းလည်း ဝတ်လို့ ရပါတယ်။ V-Neck ဆွယ်တာတွေကို One Layer ၊ Two Layer ဆိုပြီးလည်း ဝတ်နိုင်ပါတယ်။ သူ့အပေါ်မှာ ထပ်ဝတ်မယ်ဆိုရင် Jacket ဒါမှမဟုတ် Blazer ကုတ်အပါး ဝတ်တာ အကောင်းဆုံးပါပဲ။

One Layer ဝတ်မယ်ဆိုရင် အောက်က ကော်လာပါတဲ့ Dress Shirt မျိုး ရွေးချယ်သင့်ပါတယ်။ သက်တောင့်သက်သာရှိပြီး လှုပ်ရှားရလွယ်အောင် Lightweight Shirt မျိုး ရွေးချယ်ဖို့တော့လိုပါတယ်။ အောက်ခံရှပ်ကို ပေါ့ပါးပြီး Fit ဖြစ်ဖို့ ဂရုစိုက်သင့်ပါတယ်။ အလုပ်မှာ ရုံးတက်ဝတ်ဖို့ ၊ Semi-Formal လိုမျိုး လူကြီးလူကောင်းဆန်ဆန် ဝတ်ရတဲ့နေရာမျိုးမှာ V-Neck ဆွယ်တာကို သပ်ရပ်ပြီး ရိုးရှင်းတဲ့ဒီဇိုင်းမျိုး ရွေးချယ်ဖို့ အရေးကြီးပါတယ်။ အောက်ခံ Dress Shirt ကို ရွေးမယ်ဆိုရင် Medium-Spread ကော်လာမျိုး ရွေးရမှာပါ။

Cashmere_V-Neck

Photo: Ties

Semi-Formal အတွက် ဝတ်မယ်ဆိုရင် ဘောင်းဘီကို ခါးရှုံ့မပါဘဲ Flat-Front စတိုင် ထောင်လိုက်ခေါက်ရိုးပါ Trousers တွေ ဝတ်သင့်ပါတယ်။ ဘောင်းဘီအတွက် ချည်ကလည်း သိုးမွေးချည်သားဖြစ်ဖို့ လိုပါတယ်။ ဖက်ရှင်တိုင်းရဲ့ ထုံးစံ Fit ဖြစ်ပြီး သပ်ရပ်နေဖို့ကိုလည်း မေ့ထားလို့ မရပါဘူး။ V-Neck ဆွယ်တာအောက်အနားဟာ ခါးပတ်ခေါင်းအောက် တစ်လက်မခွဲလောက် ရောက်နေသင့်ပါတယ်။

ဂျက်ကတ်အောက်မှာ ခံဝတ်မယ်ဆိုရင် V-Neck ဆွယ်တာကို တစ်ထည်တည်းခံဝတ်တာ ပိုစမတ်ကျပါတယ်။ Blazer Coat နဲ့ ဆိုရင် ဆွယ်တာကို Neutral ကာလာမျိုးနဲ့ ဝတ်သင့်ပါတယ်။ ပေါ့ပါးပြီး စမတ်ကျဖို့အတွက် အောက်မှာ White Sneaker ဖက်ရှင်နဲ့ တွဲဝတ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း Monk Straps လယ်သာ Shoes စီးနိုင်ပါတယ်။ Casual အတွက်ဆို Jeans ဘောင်းဘီ ၊ Brown Boot မျိုးနဲ့ ဝတ်နိုင်ပါတယ်။

Featured Photo: TimesOfIndia