Black Jeans နဲ့ White Sneaker ဆိုတာ အမျိုးသားတွေအကြိုက် ဖက်ရှင်အတွဲအစပ်ထဲကတစ်ခု ဖြစ်ပါတယ်။ ဝတ်ရတာ လွယ်သလောက် နေရာမရွေး အသက်အရွယ်မရွေး ဝတ်လို့ သင့်တော်တဲ့ ဖက်ရှင်မျိုးပါ။ Casual Attire ဝတ်ချင်ရင်လည်း လွယ်သလို ပိုပြီး စမတ်ကျချင်ရင်လည်း အပေါ်မှာ ဝတ်တဲ့ ဖက်ရှင်ပဲ ပြောင်းလိုက်ရုံနဲ့ ရပါတယ်။ ရိုးရှင်းပြီး သပ်သပ်ရပ်ရပ် ဖက်ရှင်မျိုး ကြိုက်တယ်ဆိုရင် အခုပြောမယ့် Outfits အိုင်ဒီယာလေးတွေက အထောက်အကူဖြစ်မှာပါ။

(၁) Jean shirt

Photo: manofmany

White Shoes နဲ့ Black Jeans မှာ Casual Look ဖမ်းချင်ရင် အပေါ်မှာ Denim Jeans Shirts အပါး လက်ရှည်ဝတ်သင့်ပါတယ်။ ပိုပြီး Casual ကျချင်ရင် တီရှပ်အဖြူအောက်ခံနဲ့ Denim Jean ရှပ်လက်ရှည် အပေါ်ထပ် ဝတ်ဖို့ အကြံပြုချင်ပါတယ်။

(၂) Oxford Shirt

Photo: manofmany

စမတ်ကျကျ ဒီဇိုင်းလန်းချင်ရင် အောက်မှာ Black Jeans အပါးကပ်နဲ့ လယ်သာ Shoes အဖြူစီးပြီး အပေါ်မှာ Oxford Shirt လက်ရှည် တွဲဝတ်သင့်ပါတယ်။ ပေါ့ပေါ့ပါးပါး ဖြစ်ဖို့ ဆိုရင်တော့ ရှပ်လက်ရှည်ကို လက်ခေါက်ဝတ်ပြီး အပေါ်ဆုံး ကြယ်သီး ဖြုတ်ထားနိုင်ပါတယ်။

(၃) Black Shirt

Photo: manofmany

Monochrome စတိုင် ကြိုက်ရင် Black တီရှပ်ကို ဝတ်ဖို့ တိုက်တွန်းချင်ပါတယ်။ Black Jeans နဲ့ White Shoes ကို အနက်ရောင် တီရှပ်ပဲ ဖြစ်ဖြစ် ရိုးရိုး ရှပ်လက်ရှည်ပဲ ဖြစ်ဖြစ် တွဲဝတ်မယ်ဆိုရင် အများကြီး ထူးခြားပေါ်လွင်သွားမှာပါ။

(၄) Leather Jacket

Photo: manofmany

လယ်သာဂျက်ကတ်တွေဟာ ဘယ်တော့မှ ဒိတ်အောက်မသွားတဲ့ ဖက်ရှင်စတိုင်ထဲမှာ ပါပါတယ်။ Rocker စတိုင်ဖက်ရှင်တွေ ကြိုက်တဲ့သူအတွက် အဖြူရောင်တီရှပ်ဗြောင်ကိုမှ လယ်သာဂျက်ကတ်အနက်နဲ့ ဝတ်မယ်ဆိုရင် အတော်ကြီးကို ဆွဲဆောင်မှုမြင့်သွားမှာ အမှန်ပါပဲ။

(၅) မီးခိုးရောင်ရှပ်

Photo: manofmany

မီးခိုးရောင်တီရှပ်တွေဟာ အနက်နဲ့ အဖြူကာလာ tones တွေနဲ့ တွဲဝတ်လို့ ကောင်းတဲ့ ဖက်ရှင်ဖြစ်ပါတယ်။ မီးခိုးရောင် တီရှပ်တွေဟာ အသက်အရွယ်မရွေး ဝတ်ပျော်ပြီး အရွယ်ကိုပါ တန်းညှိပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။တကယ်လို့ ရာသီဥတု နည်းနည်းအေးနေရင်တော့ အပေါ်မှာ Jean Jackets လေးကောက် စွပ်လိုက်ရင် အတော်လေး ဖက်ရှင်ကျသွားမှာ အမှန်ပါပဲ။