ဒဲ့ပွဘောင်းဘီတွေက တစ်ခေတ်တစ်ခါတုန်းက ခေတ်စားခဲ့တဲ့ ဖက်ရှင်တစ်မျိုးပဲဖြစ်ပါတယ်။ ရှေးခေတ်တုန်းက ဘယ်လိုဝတ်ဆင်ခဲ့ကြလဲဆိုရင် တီရှပ်အင်္ကျီနဲ့ ဒဲ့ပွဘောင်းဘီတွေ တွဲဝတ်လေ့ရှိပြီး တီရှပ်ကို ဘောင်းဘီထဲထည့်ဝတ်လေ့ရှိကြပါတယ်။
အခုအချိန်မှာတော့ အဲ့ဒီစတိုင်လ်က ခေတ်နောက်ကျသွားပြီဖြစ်တဲ့အတွက်ကြောင့် ပုံစံအမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုး ထွင်ဝတ်လိုက်တဲ့အခါမှာတော့ ဖက်ရှင်ရေစီးကြောင်းမှာ တစ်ဖန်ပြန်လည်ခေတ်စားလာတာကို တွေ့ရမှာပါ။ ချည်သားဒဲ့ပွဘောင်းဘီ၊ ဂျင်းဒဲ့ပွဘောင်းဘီစသည်ဖြင့် အမျိုးအစား အမျိုးမျိုးကို ဘယ်လိုစတိုင်လ်နဲ့ တွဲဖက်ဝတ်ဆင်လို့ရသလဲဆိုတာကို Kwee နဲ့အတူ စီးမျောခံစားလိုက်ကြရအောင်။
လွတ်လပ်ပေါ့ပါးတဲ့ စတိုင်လ်မျိုး ဝတ်ဆင်ချင်တဲ့အခါ
လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးတဲ့စတိုင်ဝတ်ချင်တာလား။ လည်ပင်းပေါက် အဝိုင်းပါတဲ့ တီရှပ်အဖြူရောင်၊ နို့နှစ်ရောင်တို့နဲ့ တွဲဖက်ဝတ်ဆင်ပေးပါ။ ပူအိုက်တဲ့နွေရာသီဆိုတော့ အရောင်ဖျော့အဝတ်အစားတွေက အအိုက်သက်သောစေမှာပဲဖြစ်ပါတယ်။ ဒါမှမဟုတ် ရှပ်အင်္ကျီကို ကြယ်သီးအပြည့်တပ်ပြီး ဝတ်ဆင်ကြည့်လိုက်ပါ။
စမတ်ကျတဲ့ ဖက်ရှင်မျိုး ဝတ်ဆင်ချင်တာလား။
အင်္ကျီကို ဘောင်းဘီအထဲထည့်ပြီး ဝတ်ဆင်ပေးလိုက်ပါ။ ပုံထဲက ပုံစံအတိုင်း ဦးထုပ်တွေ၊ ကုတ်အင်္ကျီအရှည်၊ ဂျက်ကတ်အင်္ကျီတွေ ထပ်ဝတ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သူ့ရာသီ၊ သူ့အချိန်အခါလေးနဲ့ ဝတ်ဆင်တတ်ဖို့ပဲ လိုတာပါ။
လုပ်ငန်းခွင်ထဲမှာ စမတ်ကျကျဖက်ရှင်မျိုး ဖန်တီးချင်တဲ့အခါ
တီရှပ် (သို့) ဘောင်းဘီနဲ့လိုက်ဖက်မယ့် အပေါ်ဝတ်ကုတ်အင်္ကျီအပါးတစ်ထည် ထပ်ဝတ်ပေးလိုက်ပါ။
Streetwear အနေနဲ့ ဝတ်ဆင်ချင်တဲ့အခါ
ညနေပိုင်း အပြင်ထွက်ချင်တဲ့အခါ ဒဲ့ပွဘောင်းဘီတွေကို ဆွယ်တာအင်္ကျီနဲ့ တွဲဝတ်တာပဲဖြစ်ဖြစ်၊ ခေါင်းစွပ်ပါတဲ့ အင်္ကျီနဲ့ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဂျင်းဂျက်ကတ်နဲ့ဖြစ်ဖြစ် အဆင်ပြေသလိုတွဲဝတ်ပေးမယ်ဆိုရင်တော့ ဖက်ရှင်ကျပြီး ကြည့်ကောင်းနေမှာပဲဖြစ်ပါတယ်။
ဒဲ့ပွဘောင်းဘီတွေ ဘယ်လိုရွေးချယ်ရမလဲ။
ဘောင်းဘီခါးနေရာမှာ အတွန့် အဖောင်းတို့ပါတဲ့ Pleats ဒဲ့ပွဘောင်းဘီက အကောင်းဆုံးပါပဲ။
ဒဲ့ပွဘောင်းဘီနဲ့ လိုက်ဖက်မယ့်ဖိနပ်
ကွင်းထိုးဖိနပ်၊ ကြိုးသိုင်းဖိနပ်တွေထက်စာရင် အားကစားဖိနပ်များ၊ ရှူးဖိနပ်များ၊ ခြေမျက်စိဖုံးတဲ့ ဘွတ်ဖိနပ်တွေက ဒဲ့ပွဘောင်းဘီနဲ့ ပိုလိုက်ဖက်ပါတယ်။
အရောင်ရွေးချယ်တဲ့အခါမှာလည်း
အရောင်တောက်တောက်ဘောင်းဘီတွေ ဝယ်ဝတ်မယ့်အစား သဘာဝဆန်တဲ့အရောင်လေးတွေကိုပဲ ရွေးချယ်ဝတ်ဆင်ပေးလိုက်ပါ။
Source: fashionbeans.com