High-Top Sneakers ဆိုတာ တစ်ချိန်တစ်ခါကတော့ အားကစားသမားတွေရဲ့ အကြိုက် ဖိနပ်ဖြစ်ခဲ့ဖူးပါတယ်။ ၁၈၉၀ ပြည့်လွန်နှစ်တွေကတည်းက ပေါ်ပေါက်လာခဲ့တဲ့ ဖက်ရှင် ဖြစ်ပြီး နောက်ပိုင်းမှာတော့ လူငယ်လူတန်းစားအသီးအသီးအကြိုက် ဖက်ရှင် ဖြစ်လာခဲ့တာပါ။ ဒီဆောင်းပါးမှာတော့ High-Top Sneaker တွေကို ဘာတွေနဲ့ တွဲဝတ်နိုင်မလဲဆိုတာကို မျှဝေပေးသွားမှာပါ။

(၁) Jeans

High-Tops With Jeans

Photo: Dmarge
High-Tops တွေနဲ့ Jeans ဘောင်းဘီတွေကို Classic Casual ဖက်ရှင်တွေမှာ တွဲဝတ်ကြပါတယ်။ ရုံးပိတ်ရက် လျှောက်သွားတာ ဖြစ်ဖြစ် ကော်ဖီဆိုင် ထိုင်တာ ဖြစ်ဖြစ် ဝတ်လို့ အကောင်းဆုံး ဖက်ရှင်တစ်ခုပါ။ Classic Casual အတွက် High-Top စတိုင် ရှာနေရင် အဖြူရောင် ဒါမှမဟုတ် အနက်ရောင် Chuck Taylor နဲ့ အပြာဖျော့ရောင် Levi 501 ဂျင်းဘောင်းဘီနဲ့ တွဲဝတ်ရုံပါပဲ။ အပေါ်မှာတော့ ပြောင်လည်ဝိုက် တီရှပ်ကို အဖြူဖြစ်ဖြစ် ၊ အနက်ဖြစ်ဖြစ် ရွေးဝတ်သွားနိုင်ပါတယ်။

(၂) Chinos

High-Tops With Chinos

Photo: Dmarge
သပ်သပ်ရပ်ရပ် Smart Casual ဆန်ဆန် ဖက်ရှင်အတွက်ဆို High-Tops Sneakers နဲ့ Chinos Pant ကောင်းကောင်း ဝတ်သွားရင် အဆင်ပြေပါတယ်။ တကယ်တော့ ဒီဖက်ရှင်ကို အခုနောက်ပိုင်းမှာ Smart Casual အတွက်ရော Streetwear စတိုင်အနေနဲ့ပါ ဝတ်ဆင်နေကြတာပါပဲ။ High-Top နဲ့တွဲပြီး သပ်ရပ်တဲ့ Tee ရှပ်လေး ဖြစ်ဖြစ် ထောင်လိုက်စင်းပါ Oxford ရှပ်လေးနဲ့ ဖြစ်ဖြစ် ဝတ်နိုင်ပါတယ်။

(၃) Shorts

High-Tops With Shorts

Photo: Dmarge

ဘောင်းဘီတိုနဲ့ High-Top ဖက်ရှင်ကတော့ လုံးဝကို Casual ဆန်ဆန် ဝတ်စားရတာကို ကြိုက်တဲ့ အမျိုးသားတွေနဲ့ လိုက်ပါတယ်။ ဒီဖက်ရှင်ဟာ ၉၀ ပြည့်လွန်နှစ်တွေက စကိတ်စီးတဲ့ လူငယ်တွေရဲ့ ဖက်ရှင် ဖြစ်ပြီး အဲ့တုန်းကတော့ Baggy Shorts နဲ့ ရှပ်အင်္ကျီ Tee ပွပွကြီးတွေနဲ့ တွဲဝတ်ရတာပါ။

Featured Photo: ThreadCurve