အလုပ်သစ်ပြောင်းဖို့အတွက် ပြင်ဆင်နေပြီဆိုရင် မဖြစ်မနေ Update လုပ်ရမှာက Resume ကောင်းတစ်ခု ရေးဖို့ပါပဲ။ Resume ဟာ အလုပ်တစ်ခုအသစ် ဝင်တိုင်းမှာ အသစ်ဖြည့်ရတာကြောင့် အမြဲတမ်း အသစ်အသစ် ဖြစ်နေမှာပါ။ အလုပ်ရဖို့အတွက် Resume တစ်ခုရဲ့ စွမ်းအားနဲ့နေရာဟာ ချန်ထားလို့မရပါဘူး။ Resume ကောင်းတစ်ခုဟာ အလုပ်အင်တာဗျူးမှာ ဖိတ်ကြားခံရဖို့သေချာတဲ့ တံတားတစ်စင်းလည်း ဖြစ်လို့ Resume အတွက် အကောင်းဆုံး ပြင်ဆင်ရမှာပါ။

(၁) ရှင်းလင်း ပြတ်သားပါစေ

business person completing form

Source: payscale

Resume မှာ အလုပ်နဲ့ဆိုင်တဲ့ Keywords တွေ သုံးဖို့လိုသလို တစ်ဖက်လူ ချက်ချင်း ကွင်းခနဲ မြင်သာစေမယ့် Presentation သုံးပြီး ထိထိရောက်ရောက် ရေးသင့်ပါတယ်။ ဝါကျတစ်ကြောင်းချင်းစီမှာ ကိုယ့်ရဲ့ တန်ဖိုးကို ထည့်သွင်းသွားရမှာပါ။
လိုအပ်လို့အချက်အလက် ကိန်းဂဏန်းနဲ့ဇယားပုံစံတွေနဲ့ပြမယ်ဆိုရင်လည်း Infographic ဆန်ဆန် ဆွဲဆောင်မှုနဲ့ရိုးရှင်းမှု ရှိစေအောင် ဖန်တီးရမှာပါ။

(၂) Decorate

Business, job interview concept.

Source: CNBC

အရင့်အရင်က Resume ဆိုရင် စာရွက်နဲ့ပဲ သွားတာ ဖြစ်ပြီး အခုနောက်ပိုင်းမှာ Virtual ဆန်လာပါပြီ။ Resume တွေဟာ Portfolio ကောင်းတစ်ခု ၊ ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ် ၊ ကိုယ့်အတွေ့အကြုံ နဲ့လုပ်ခဲ့တဲ့ ပရောဂျက်တွေကို စုစည်းတင်ပြပေးတာပါ။

တကယ်အလုပ်ခေါ်စာ ကိုယ့်ဆီ ချက်ချင်း ပို့ချင်လောက်အောင် ကောင်းတဲ့ Resume တစ်ခုမှာဆိုရင် Creative ဖြစ်တဲ့ တင်ဆက်မှု ၊ ဒီဇိုင်းနဲ့အရောင်တွေနဲ့ဖွဲ့စည်းရပါတယ်။ ဒီနေရာမှာ နည်းပညာပိုင်း အားသာချက် ရှိတဲ့ သူတွေက အားသာချက်ရှိပါတယ်။

(၃) ဖောက်ထွက်မှု ရှိပါစေ

Hr manager asking applicant about work experience

Source: KMOX Radio

မှတ်ထားပါ။ Resume ကို ဘယ်တော့မှ ဖန်တရာတေနေတဲ့ လမ်းရိုးကြီးနဲ့မရေးသင့်ပါဘူး။ Resume ဟာ အက်ဆေးကောင်းတစ်ပုဒ်ဖြစ်ပြီး ကိုယ့်ရဲ့ ထူးခြားတဲ့ စွမ်းရည်နဲ့လုပ်ရပ်တွေကို ဖော်ပြနေရမှာပါ။ ကိုယ်လုပ်ခဲ့တဲ့ အလုပ်တိုင်းမှာ ကိုယ့်ရဲ့ သက်ဝင်လှုပ်ရှားမှုကို ဒီနေရာကနေ ကိုယ့်ကို အင်တာဗျူးမယ့်သူကို မျက်စိမခွာနိုင်အောင် ဖမ်းစားရမှာပါ။

(၄) အချက်အလက် ပြည့်စုံပါစေ

Employer or committee interviewing a candidate

Source: cheatsheet

ဒါက အရေးကြီးဆုံးပါ။ ကိုယ့်ကို ဆက်သွယ်ရမယ့် လိပ်စာ ၊ ဖုန်းနံပါတ် တို့လိုကနေ ကိုယ့်အကြောင်း ထောက်ခံချက် ပေးနိုင်ပြီး စုံစမ်းမေးမြန်းနိုင်မယ့် အထက်လူကြီး ၊ဆရာသမားတွေရဲ့ နာမည်နဲ့လိပ်စာ ၊ ဖုန်းနံပါတ်တွေ ညွှန်းဖို့လည်း မမေ့သင့်ပါဘူး။

ကိုယ်ရရှိခဲ့တဲ့ ဘွဲ့လက်မှတ် ၊ အထောက်အထား ၊ ဆုတံဆိပ်နဲ့လုပ်ငန်းနယ်ပယ်အလိုက် ထူးခြားတဲ့ အချက်လေးတွေတွေပါ ထည့်သွင်းပေးထားဖို့လိုပါတယ်။