Data Privacy ဟာ အခုနောက်ပိုင်း လူပြောများလာတဲ့ စကားပါ။ Facebook သုံးသူတိုင်းဟာ ကိုယ့်အချက်အလက်တွေကို တလောကလုံးက လူတွေ မြင်အောင် ပြနေသလို ဖြစ်နေတာကြောင့် အချက်အလက် လုံခြုံရေးနဲ့ ပုဂ္ဂလိကဆန်မှုအတွက် ခြိမ်းခြောက်စရာ ဖြစ်လာပါတယ်။

Facebook ကို စွန့်လွှတ်ဖို့ မဖြစ်နိုင်သေးသရွေ့တော့ Facebook လည်း အသုံးမပြတ် ကိုယ့်ရဲ့ အချက်အလက်လည်း ဘေးကင်းမယ့်နည်း သိထားဖို့ လိုပါတယ်။

(၁) ဖုန်းနံပါတ်မထည့်ပါနဲ့

Source: Unsplash

Facebook အကောင့်တစ်ခု တည်ဆောက်ချိန်မှာ ကိုယ့်ရဲ့ အချက်အလက်တွေကို တတ်နိုင်သမျှ Private လုပ်ဖို့လိုပါတယ်။ ဒီအတွက် ပထမဆုံး သိထားရမှာက Facebook Profile မှာ ဖုန်းနံပါတ်မထည့်ဖို့ပါ။ ထည့်မိတယ်ဆိုရင် နောက်ပိုင်း ရှုပ်ထွေးနိုင်ပါတယ်။

(၂) မွေးနေ့ မွေးရက် မထည့်ပါနဲ့

Source: Pexels

Facebook မှာ မွေးနေ့ မွေးရက်အမှန်ကို ထည့်ထားတာကလည်း ကောင်းကျိုးရော ဆိုးကျိုးပါ တွဲရှိနေပါတယ်။ Data Hunter လုပ်နေတဲ့ အချက်အလက် မုဆိုးတွေဟာ မွေးနေ့ မွေးရက်ကို ကြည့်ပြီး ဘယ်လို စိတ်ထားရှိသလဲဆိုတဲ့ Quizz App တွေကနေ တစ်ဆင့် ကိုယ်ဝင်လာအောင် ဖျားယောင်းတတ်ပါတယ်။ သူတို့ပေးထားတဲ့ App ထဲ ရောက်တာနဲ့ ကိုယ့်ရဲ့ အချက်အလက်တွေ ပါသွားဖို့ရှိပါတယ်။

(၃) အပြင်မှာ တကယ်သိတဲ့သူတွေနဲ့ပဲ Friend လုပ်ပါ

Source: Pixabay

Facebook ဟာ လူ့ဘောင်အဝန်းအဝိုင်းကို ချဲ့ထွင်ပေးတာတော့ မှန်ပါတယ်။ သို့သော်လည်း ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ဦးစားပေးမယ်ဆိုရင်တော့ ကိုယ်ယုံကြည်လို့ရတဲ့ ကိုယ့်မိတ်ဆွေတွေကိုပဲ ဆက်သွယ်တာ ပိုကောင်းပါလိမ့်မယ်။

နောက်ထပ် အရေးကြီးတာတစ်ခုက ကိုယ်က ကလေးမိဘတစ်ယောက်ဖြစ်မယ်ဆိုရင် ကလေးရဲ့ အချက်အလက် ၊ တက်နေတဲ့ ကျောင်းနဲ့ ပုံတွေကို Facebook မှာ လျှောက်မတင်သင့်ပါဘူး။

(၄) Credit Card အချက်အလက်တွေ မတင်ပါနဲ့

Source: Pixabay

ဘယ်တော့မှ မလုပ်သင့်တဲ့ အထဲမှာ သင် Credit Card ထဲ ပိုက်ဆံဘယ်လောက် ရှိသလဲဆိုတာနဲ့ ကဒ်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ လူသိရှင်ကြားဖြစ်အောင် လုပ်တာပါပဲ။

(၅) ကိုယ်ရောက်နေတဲ့ နေရာကို Tag မလုပ်သင့်ပါ။

Source: Pexels

Facebook သုံးသူတိုင်းလိုလို တစ်ချိန်မဟုတ်တစ်ချိန် ကိုယ်ရောက်တဲ့ နေရာအကြောင်း တင်ဖြစ်တတ်ပါတယ်။ ဘယ်မှာ ရောက်နေတာတို့ ဘယ်ကို ခရီးသွားနေတာတို့ ဆိုတာတွေကို မတင်တာ အကောင်းဆုံးပါ။ အားလပ်ရက်ရလို့ ခရီးသွားမယ်ဆိုရင် ကောင်းကောင်း သွားပါ လည်ပါ။ ဓါတ်ပုံတွေ ဘာတွေ ရိုက်ချင်သလောက် ရိုက်ခဲ့ပါ။ တစ်ခုပဲ ကိုယ်အပြင်မှာ ရောက်နေတဲ့အကြောင်း လူမှုကွန်ရက်ပေါ်တင်တာ သိပ်တော့ မကောင်းပါဘူး။

တစ်ဆက်တည်းဆိုသလိုပဲ မလိုအပ်ရင် Location Services ပိတ်ထားတာက ပိုပြီး ကောင်းပါတယ်။