အသက်အရွယ်ရလာတဲ့လူကြီးတွေမှမဟုတ်ဘဲ အသက်ငယ်ရွယ်တဲ့လူတွေအတွက်လည်း အာရုံကြောကျန်းမာရေးက အလွန်ကို အရေးကြီးပါတယ်။ လူသားတိုင်းအတွက် အရေးပါတဲ့ အာရုံကြောကျန်းမာရေးကို နည်းမှန်လမ်းမှန်တွေနဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့က အင်မတန်လိုအပ်တာမို့ ဘယ်လိုအနေအထိုင်ဆင်ခြင်ရမလဲ၊ ဘာတွေကိုသိထားရမလဲ။
အာရုံကြောအဖွဲ့အစည်းကို ကာကွယ်ပေးတဲ့အရာ

Source: Verywell Health
ဦးနှောက်နဲ့ ကျောရိုးနာ့ဗ်ကျောမကြီး၊ အာရုံကြောတွေအားလုံးကို ကာကွယ်ပေးထားတဲ့အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ Myelin လို့ ခေါ်တဲ့ အဆီလွှာလေးပါ။ ဒီအဆီလွှာလေးက ဦးနှောက်နဲ့ အာရုံကြောတွေအားလုံးကို သူ့အဆီလွှာနဲ့ ဖုံးအုပ်ပြီး ကာကွယ်ပေးထားတာဖြစ်ပါတယ်။
ကာကွယ်ပေးမှုတွေ လျော့နည်းလာတဲ့အခါ

Source: US News Health – US News & World Report
အဲဒီ အဆီလွှာလေးရဲ့ ကာကွယ်ပေးနိုင်စွမ်း လျော့နည်းလာတဲ့အခါမှာ ခန္ဓာကိုယ်မှာလည်း ခုခံအားတွေ ကျဆင်းလာတတ်ပါတယ်။ ဖျားနာတာမျိုးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။
အာရုံကြောအားနည်းရင် ဖြစ်ပေါ်တတ်တာတွေက

Source: Health Magazine
အာရုံကြောအားနည်းလာတဲ့အခါ ကြွက်သားတွေပါ အားနည်းလာတတ်ပါတယ်။ နာကျင်ဝေဒနာတွေ ခံစားလာရတာနဲ့အတူ အမြင်အာရုံတွေပါ ဝေဝါးလာတတ်ပါတယ်။
အာရုံကြောကျန်းမာဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ

Source: Healthline
အာရုံကြောကျန်းမာဖို့အတွက် သင့်တင်တဲ့အစားအသောက်ပမာဏကို စားသုံးပေးသင့်ပါတယ်။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုသလို ခန္ဓကိုယ်အတွက်လည်း လိုအပ်မယ့်အဆီ (ဥပမာ- Omega-3 Fatty Acid ) ၊ ဗီတာမင် ဒီ နဲ့ ဗီတာမင် ဘီတွဲ စတာတွေကို စားသုံးပေးသင့်ပါတယ်။
