မနေ့ကတော့ စနေနေ့ညရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၂ အဖြစ် ပွဲပေါင်း ၇ ပွဲကို ကျင်းပသွားခဲ့ရာမှာ အမှတ်ပေးဇယားအောက်ဆုံးနေရာက ဟတ်ဒါဖီးလ်အသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရပြီး ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရသလို အဆင့် ၁၆ နဲ့ ၁၇ အသင်းတွေဖြစ်တဲ့ ဆောက်သမ်တန်နဲ့ ဘန်လေတို့ကလည်း အသီးသီး အနိုင်ရခဲ့တာကြောင့် အခုဆိုရင် ဟတ်ဒါဖီးလ်အသင်းဟာ ပရီးမီးယားလိဂ်ကနေ စောစောစီးစီးပဲ တန်းဆင်းခဲ့ရပြီဖြစ်ပါတယ်။
အခုလို ရာသီမကုန်ခင် မတ်လမှာပဲ တန်းဆင်းသွားခဲ့ရတာဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက်မှာတော့ ပထမဆုံးအကြိမ်မဟုတ်တော့ဘဲ ဟတ်ဒါဖီးလ်အသင်းမတိုင်ခင်က ဒါဘီကောင်တီအသင်းဟာ ၂၀၀၇-၂၀၀၈ ဘောလုံးရာသီမှာ အခုလိုပဲ ပရီးမီးယားလိဂ်ပွဲစဉ် ၃၂ အပြီး တန်းဆင်းခဲ့ရလို့ ပွဲအားလုံး ကစားပြီးချိန်မှာလည်း နိုင်ပွဲက ၁ ပွဲသာရှိခဲ့ပြီး ရမှတ် ၁၁ မှတ်နဲ့ တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာ ဟတ်ဒါဖီးလ်အသင်းက ရမှတ် ၁၄ မှတ်အထိ ရရှိထားတာဖြစ်တာမို့ ဒါဘီအသင်းနဲ့ တန်းစောစောဆင်းရတဲ့ မှတ်တမ်းချင်းတူညီနေတာတောင် ဒါဘီအသင်းလောက်တော့ ဆိုးရွားခဲ့ခြင်းမရှိပါဘူး။
(Unicode)
မနေ့ကတော့ စနေ့ညရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၂အဖြစ် ပွဲပေါင်း ရပွဲကို ကျင်းပသွားခဲ့ရာမှာ အမှတ်ပေးဇယားအောက်ဆုံးနေရာက ဟတ်ဒါဖီးလ်အသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရပြီး ၂ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရသလို အဆင့်၁၆နဲ့ ၁၇အသင်းတွေဖြစ်တဲ့ ဆောက်သမ်တန်နဲ့ ဘန်လေတို့ကလည်း အသီးသီး အနိုင်ရခဲ့တာကြောင့် အခုဆိုရင် ဟတ်ဒါဖီးလ်အသင်းဟာ ပရီးမီးယားလိဂ်ကနေ စောစောစီးစီးပဲ တန်းဆင်းခဲ့ရပြီဖြစ်ပါတယ်။
Photo Credit : Yahoo! Sports
ဟတ်ဒါဖီးလ်အသင်းဟာ အဝေးကွင်းမှာ ပဲလေ့စ်အသင်းကို ဒုတိယပိုင်း ရ၅မိနစ်လောက်အထိ ဂိုးမရှိသရေနဲ့ ထိန်းကစားနိုင်ခဲ့ပေမယ့်လည်း ရ၆မိနစ်မှာ ပင်နယ်တီပေးလိုက်ရပြီး အဖွင့်ဂိုးစတင်ခွင့်ပြုလိုက်ရသလို ပွဲပြီးဆုံးခါနီးမှာလည်း ပဲလေ့စ်နောက်ခံလူ ဗန်အန်ဟော့က ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့တာကြောင့် ဟတ်ဒါဖီးလ်တို့ လက်ကျန်၆ပွဲကစားဖို့ အလိုမှာပဲ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟတ်ဒါဖီးလ်ဟာ ဒီပွဲကို မရှုံးခဲ့ဘူးဆိုရင်တောင်မှ လက်ကျန် ၆ပွဲမှာ စပါး လီဗာပူးလ် မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရဦးမှာဖြစ်လို့ သေချာပေါက်ကို တန်းဆင်းရမယ့် အခြေအနေရောက်နေတာဖြစ်ပါတယ်။
Photo Credit : The Independent
အခုလို ရာသီမကုန်ခင် မတ်လမှာပဲ တန်းဆင်းသွားခဲ့ရတာဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက်မှာတော့ ပထမဆုံးအကြိမ်မဟုတ်တော့ပဲ ဟတ်ဒါဖီးလ်အသင်းမတိုင်ခင်က ဒါဘီကောင်တီအသင်းဟာ ၂၀၀၇-၂၀၀၈ ဘောလုံးရာသီမှာ အခုလိုပဲ ပရီးမီးယားလိဂ်ပွဲစဉ်၃၂အပြီး တန်းဆင်းခဲ့ရလို့ ပွဲအားလုံး ကစားပြီးချိန်မှာလည်း နိုင်ပွဲက၁ပွဲသာရှိခဲ့ပြီး ရမှတ်၁၁မှတ်နဲ့ တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာ ဟတ်ဒါဖီးလ်အသင်းက ရမှတ်၁၄မှတ်အထိ ရရှိထားတာဖြစ်တာမို့ ဒါဘီအသင်းနဲ့ တန်းစောစောဆင်းရတဲ့ မှတ်တမ်းချင်းတူညီနေတာတောင် ဒါဘီအသင်းလောက်တော့ ဆိုးရွှားခဲ့ခြင်းမရှိပါဘူး။
Photo Credit : Irish Mirror
ဟတ်ဒါဖီးလ်က ပရီးမီးယားလိဂ်ကနေ စောစောစီးစီး တန်းဆင်းသွားပြီးဖြစ်လို့ လက်ကျန်၂နေရာစာအတွက် ဖူလ်ဟမ်အသင်းနဲ့ ကာဒစ်စီးတီးအသင်းတို့ဖြစ်သွားဖို့ အလွန်နီးစပ်လို့နေပါတယ်။ ဖူလ်ဟမ်အသင်း လက်ရှိမှာ ရမှတ် ၁၇မှတ်သာ ရရှိထားခဲ့ပြီး သူရဲ့အထက်က ကာဒစ်အသင်းနဲ့တောင် ရမှတ်ကွာဟမှုက ၁၁မှတ်အထိကို ရှိနေတာကြောင့် ဖူလ်ဟမ်တို့ ပရီးမီးယားလိဂ်မှာ တင်ကျန်နိုင်ဖို့က တော်တော်လေးကို မလွယ်ကူနိုင်သလို ကာဒစ်ကလည်း အဆင့်၁၇က ဘန်လေနဲ့တောင် ၅မှတ်လောက် ကွာဟနေတာမို့ ဟတ်ဒါဖီးလ်နောက်ကို ဖူလ်ဟမ်နဲ့ ကာဒစ်တို့ လိုက်သွားဖို့ အခြေအနေများလို့နေပါတယ်ခင်ဗျာ။