ရှန်ဟိုင်းအက်စ်အိုင်ပီဂျီကြယ်ပွင့်တိုက်စစ်မှူး ဟော့ခ်ဟာ ၎င်းရဲ့ဇနီးနဲ့ ဇာတ်လမ်းပြီးသွားပြီး လပိုင်းအနည်းငယ်အကြာမှာပဲ ဇနီးဟောင်းရဲ့တူမနဲ့ ရုတ်တရက်လက်ထပ်ခဲ့တယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူး ဟော့ခ်ဟာ ၁၂ နှစ်ကြာ လက်တွဲခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် ဇနီးဖြစ်သူ အီရန်အိန်ဂျလိုကို ပြီးခဲ့တဲ့ဇူလိုင်လမှာ ကွာရှင်းပြတ်စဲခဲ့တာဖြစ်ပြီး ဒီဇင်ဘာလမှာ အိန်ဂျလိုရဲ့တူမနဲ့ တွဲနေတယ်လို့ ကောလာဟလတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

Photo: d1softballnews

အာဂျင်တီးနားသတင်းစာ Infobae ရဲ့သတင်းအရ ဟော့ခ်တို့အတွဲဟာ ပြီးခဲ့တဲ့အပတ်မှာပဲ လက်ထပ်လိုက်ကြပြီလို့ သိရပြီး ဟော့ခ်ရဲ့ဇနီးအသစ်ဟာ တရုတ်မှာ နေထိုင်ခွင့်ဗီဇာလိုအပ်တာကြောင့် အလျင်စလိုလုပ်နေရတယ်လို့ သိရပါတယ်။

ဟော့ခ်ရဲ့အင်စတာဂရမ်မှာ တင်ထားခဲ့တဲ့ပို့စ်မှာ ၎င်းတို့ ဇနီးမောင်နှံဟာ လက်ထပ်လက်စွပ်နဲ့အတူ လက်ထပ်ခဲ့ပြီးဆိုတာ အတည်ပြုခဲ့ပုံရပြီး ၂ ဦးစလုံးဟာ လက်ထပ်လက်စွပ်ဝတ်ဆင်ထားကြသလို ၎င်းရဲ့ကိုယ်ရေးအကျဉ်းမှာ လက်ထပ်လက်စွပ်ပုံကို ထည့်ထားခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

Source :Top News Headlines

ဟော့ခ်ဟာ ဇနီးအသစ်ဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် ကမီလာအိန်ဂျလိုရဲ့အဒေါ်နဲ့ ၁၀ နှစ်၊ ၈ နှစ်နဲ့ ၆ နှစ်အရွယ် ကလေး ၃ ဦးအထိ ရရှိခဲ့သူဖြစ်ပြီး ဂျေလိဂ်မှာ သွားရောက်ကစားခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းအသင်းကို ပြောင်းရွှေ့ခဲ့ချိန်ကတည်းက တရုတ်နိုင်ငံမှာ အတူတူနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။