ခွေးတွေက ခံစားချက်တွေကို ကွယ်ဝှတ်မထားတတ်ကြဘူး။ ဒါကြောင့် သူတို့ဘာတွေခံစားနေရတာလဲဆိုတာကို လူတွေက လွယ်လွယ်သိနိုင်ကြတယ်။ ဒါမေပယ့် တစ်ချို့ ဝမ်းနည်းတာ၊ သဘောမကျတာ စတဲ့ခံစားချက်တွေကိုတော့ သတိထားမိဖို့တော့အနည်းငယ်ခက်ခဲပါတယ်။

ဒီနေ့ kwee page က ခွေးတွေမနှစ်သက်ကြတဲ့ လူတွေရဲ့အပြုအမူတွေ အကြောင်းပြောပြပေးသွားမှာပါ။

သူစိမ်းတွေကို ပွတ်သပ်ခွင့်ပေးတာ

သူစိမ်းတစ်ယောက်က “ချစ်စရာကောင်းလိုက်တာ” ဆိုပြီး မိမိရဲ့ခွေးကိုလာပြီး ပွတ်သပ်နေရင် ငြင်းဆန်လိုက်ပါ။ ခွေးရဲ့စရိုက်နဲ့ခံစားချက်တွေက ပြောင်းလဲသွားတတ်ပါတယ်။ ကြင်နာတတ်တဲ့ခွေး၊ လူအရမ်းခင်တတ်တဲ့ ခွေးဖြစ်နေပါစေ သူစိမ်းတွေက ဒီလိုလာပွတ်သပ်တာကို မကြိုက်ကြဘူး။ သင့်ရဲ့ခွေးကို လူတကာကိုင်ခွင့်ပေးလိုက်မယ်ဆိုရင် သင်ဟာဦးဆောင်နိုင်တဲ့သူတစ်ယောက် မဟုတ်တော့ဘူးလို့ သင့်ခွေးက ထင်မြင်သွားပါလိမ့်မယ်။

အဝတ်အစားတွေ ဆင်ပေးတာ

ခွေးတွေကို ငယ်စဉ်ကတည်းက အဝတ်အစားတွေ ဆင်ပေးတာ အကျင့်မလုပ်ခဲ့ဘူးဆိုရင် ကြီးလာတဲ့အခါ အနည်းငယ် အခတ်အခဲတွေရှိတတ်ပါတယ်။ အေးတဲ့ရာသီမှာ ဆွယ်တာ ဖြစ်ဖြစ် ကုက်ဖြစ်ဖြစ် ဝတ်ပေးလို့အဆင်ပြေပါတယ်။ ဒါပေမယ့် ဦးထုပ်နဲ့ဝတ်စုံတွေ ဆင်ယင်ပေးတာက သူတို့ကို သက်သောင့်သက်သာ မဖြစ်စေပါဘူး။

လည်ပင်းကြိုးကို ဆွဲတာ

သင်ဒါတွေလုပ်ရင် သင့်ခွေးကစိတ်ဆိုးလာမယ်

  • ပက်ပြီး အနံ့ခံတာကို တားဆီးမယ်ဆိုရင် ခွေးတွေက စိတ်ဆိုးတတ်ပါတယ်။
  • ခွေးရဲ့လည်ပင်းကြိုးကို ဆွဲတာ။ ခွေးလည်ပင်းကြိုးဟာ ခွေးနဲ့သခင်ကြားက ဆက်သွယ်ရေးကိရိယာတစ်ခုဖြစ်ကြောင်း ခွေးကျွမ်းကျင်သူတွေကပြေထားပါတယ်။ ခွေးတွေကိုလည်း နေရာတကာ သင့်ကိုဆွဲခေါ်သွားမျိုး မဖြစ်ပါစေနဲ့။ ခွေးလည်ပင်းကြိုးကလျှော့နေပြီး ခွေးကမိမိကိုကြည့်နေပြီဆိုမှ လမ်းဆက်လျှောက်ပါ။

ခွေးတွေရေကြောက်တာကို အလေးမထားခြင်း

ခွေးတွေ ရေချိုးရတာကြိုက်တယ်ဆိုတာ ရှားပါတယ်။ ရေကန်တွေထဲမှာ ရေကူးရတာကြိုက်ကြတဲ့ ခွေးမျိုးစိတ်တွေတောင် ရေချိုးရတာကို မုန်းကြတယ်။ ခွေးတွေက ရေစီးနေတဲ့အသံ (သို့) ပြောင်ချောနေတဲ့ ကြမ်းပြင်ကို မုန်းကြတယ်။

ခွေးတွေကိုအော်ငေါက်ခြင်း

Source: Wilde About Dogs

ခွေးတွေကိုမအော်ပါနဲ့။ ခွေးတွေက ကျယ်လောင်တဲ့အသံတွေကို ကြောက်ပြီးသင်ဘာပြောချင်နေတာလဲဆိုတာကို နားလည်တော့မှာမဟုတ်ဘူး။ လက်ဟန် အမူအရာ တွေက ပိုပြီးထိရောက်ပါတယ်။ အကယ်၍ခွေးကို ဒေါသထွက်နေတယ်ဆိုရင် စိတ်ဆိုးနေတဲ့မျက်နှာအမူအရာနဲ့ ဟန်အမူအရာတစ်ချို့ကို လုပ်ပြထားပါ။

ခွေးကို ကျီးစားခြင်း

လူတွေအတွက်ရီစရာလို့ထင်တဲ့အရာတွေက ခွေးတွေအတွက်နာကျင်ခံစားရစေပါတယ်။ ဟောင်ခြင်း၊ ခွေးအမြီးကို ဆွဲယူဆော့ကစားခြင်းနဲ့ အစားအစာ (သို့) အရုပ်တွေနဲ့ ခွေးကိုကျီးစားခြင်း စတာတွေက မလုပ်သင့်ပါဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် ရင်းနှီးမူ မပိုစေဘဲ မလိုလားအပ်တဲ့ အပြုအမူတွေသာ အလေ့အကျင့်ဖြစ်သွားတတ်ပါတယ်။

Source: Bright Side