ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ ပဲရစ်ကနေ ထွက်ခွာဖို့ သတင်းတွေ ဆက်လက်ထွက်ပေါ်နေချိန် ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး နောက်ထပ်တစ်ကြိမ် မေးမြန်းခံရစဉ်မှာ နောက်ထပ်ခြေလှမ်းက ဘာဖြစ်မလဲဆိုတာကို အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

Kylian Mbappe

Photo: Sportskeeda

ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို အသင်းမှာ ဆက်ရှိနေအောင် စည်းရုံးတဲ့အနေနဲ့ အသင်းမှာ လစာအများဆုံးကစားသမားဖြစ်လာစေမယ့် စာချုပ်သစ် ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အမ်ဘာပေက မက်မောလောက်စရာ လစာပမာဏကြောင့် စိတ်ပြောင်းသွားခဲ့ပုံမပေါ်ဘဲ ငွေကြေးက ထည့်သွင်းစဉ်းစားဖို့အတွက် အရေးအကြီးဆုံးအရာမဟုတ်ဘူးလို့ပဲ ပြောကြားခဲ့တာဖြစ်ပါတယ်။

“လူအချင်းချင်း သံယောဇဉ်က ငွေကြေးထက်ပိုပြီး ဆွဲငင်နိုင်ပါတယ်။ အဲဒါက ပိုက်ဆံရှာတာထက် ပိုတဲ့ ဘဝ အတွေ့အကြုံဖြစ်ပြီး ငွေကြေးက ပိုပြီး အရေးပါတယ်ဆိုရင်တောင်မှ ကျွန်တော်တို့မှာ ထောက်ပံ့ပေးရမယ့် မိသားစုတွေရှိနေတာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်”

Mbappe

Photo: MARCA

အမ်ဘာပေက ဆက်လက်ပြီး ၎င်းရဲ့ အနာဂတ်အစီအစဉ်နဲ့ပတ်သက်ပြီး အရိပ်အမြွက် ပြောကြားခဲ့ပြီး အသစ်အဆန်းတွေ ရှာဖွေဖို့အတွက် ပြည်ပကို ခရီးထွက်ပြီး မတူညီတဲ့ယဉ်ကျေးမှုတွေရှိတဲ့ ကစားသမားတွေနဲ့အတူ အသစ်အသစ်တွေကို ကြိုးပမ်းသွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော် စူးစမ်းရှာဖွေဖို့၊ ခရီးထွက်ဖို့၊ မတူညီတဲ့ယဉ်ကျေးမှုတွေရှိတဲ့ ကစားသမားတွေနဲ့ တွေ့ဆုံဖို့ စောင့်မျှော်နေပါတယ်။ အခု ကျွန်တော်တို့ ပြောနေတာက ကစားသမားဘဝနဲ့ပတ်သက်ပြီးတော့ပါ။ ကြိုမမြင်နိုင်တဲ့ အခန်းတွေ ရှိနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုကိုယ် နှစ်သိမ့်မှု၊ အံ့အားသင့်စရာတွေဖန်တီးမှုက အားကစားရဲ့ အလှတရား တစ်စိတ်တပိုင်းပါ”

“ခင်ဗျားရဲ့ အစီအစဉ်ကို ပြောင်းလဲနိုင်တဲ့အရာတွေလည်း ဖြစ်နိုင်ပါတယ်။ လာမယ့် နှစ် ၂၀ မှာ ကျွန်တော် ဘာလုပ်မယ်ဆိုတာကို ကြိုတင်ခန့်မှန်းဖို့ မဖြစ်နိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Sportskeeda