လူတွေဟာ ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကျန်းမာရေးပြသာနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ရေသောက်တာအပြင် ရေဓာတ်ကြွယ်ဝတဲ့ သစ်သီးဝလံတွေ၊ အစားအစာတွေကိုလည်း စားသောက်ပြီးလည်း တစ်ဖက်တစ်လမ်းကနေ ရေဓာတ်ဖြည့်တင်းလို့ရပါသေးတယ်။

ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို kwee page ကဖော်ပြပေးလိုက်ပါတယ်။

ဖရဲသီး

Source: Medical News Today

ဖရဲသီးဟာ ရေဓာတ်ပါဝင်မှုများပြားပြီး ကယ်လိုရီပါဝင်မှုလည်း နည်းပါးပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချနေသူတွေအတွက် ရေဓာတ်ဖြည့်တင်းဖို့ရာ ဖရဲသီးက ကောင်းမွန်တဲ့ရွေးချယ်မူတစ်ခု ဖြစ်ပါတယ်။

ခရမ်းချဉ်သီး

Source: Healthline

ခရမ်းချဉ်သီးမှာ ရေဓာတ် ၉၅% အထိပါဝင်နေပါတယ်။ ပြီးတော့ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝခြင်းတွေကလည်း သူ့ရဲ့ အရေးပါတဲ့ နောက်ထပ် အကျိုးကျေးဇူးတွေပါပဲ။ ဒါကြောင့် ခရမ်းချဉ်သီးကို နေစဉ်ပုံမှန် မှီဝဲပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ကောင်းကောင်းဖြည့်တင်းပေးနိုင်မှာဖြစ်သလို အသားအရေလည်း ကြည်လင်လှပစေမှာဖြစ်ပါတယ်။

သခွားသီး

Source: Medical News Today

သခွားသီးမှာလည်း ရေဓာတ်ပါဝင်မှုနှုန်း ၉၀% ကျော်တောင်ရှိပါတယ်။ ရေဓာတ်ဖြည့်တင်းဖို့အတွက် အရွေးချယ်သင့်ဆုံး အစားအစာတစ်ခုပါပဲ။ နောက်ထပ်ထူးခြားတာကတော့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်းပါဝင်နေတဲ့ သခွားသီးဟာ အသားအရေလှပမှုကိုလည်း အကျိုးပြုပါသေးတယ်။

စတော်ဘယ်ရီ

Source: The-Indian-Express

စတော်ဘယ်ရီသီးမှာ ရေဓာတ်ပါဝင်မှုပမာဏက ၉၁% တောင်ရှိပါတယ်။ ချိုမြိန်တဲ့အရသာနဲ့အတူ ရေဓာတ်အမြောက်အများ ဖြည့်ဆည်းပေးနိုင်တာမို့ ရေဓာတ်လိုအပ်နေချိန်တွေမှာ စားသုံးပေးသင့်တဲ့ သစ်သီးတစ်မျိုးလို့ ဆိုရမှာပါ။