ကျန်းမာနေဖို့အတွက် ကျန်းမာရေးအသိပညာရှိပြီး လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။ လူတော်တော်များများ နေ့စဉ်ကျင့်သုံးနေတဲ့ အလေ့အကျင့်တွေက ကျန်းမာရေးအတွက် ထိခိုက်စေနိုင်ပါတယ်။ ဒါကို လူတွေကမသိကြပဲ နေ့စဉ်လုပ်နေကြပါတယ်။

ဒီနေ့ kwee page က ရပ်လိုက်သင့်ပြီဖြစ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအယူအဆ အမှားတွေကို ဖော်ပြပေးလိုက်ပါတယ်။

မကြာခဏ ရေချိုခြင်း

Source: Youtube

ကြားရတာတော့ ထူးဆန်းနေပါလိမ့်မယ်။ ဒါပေမယ့် ဒါကအမှန်ပါပဲ။ မကြာခဏ ရေချိုးခြင်းဟာ ရေမချိုးတာနဲ့ ကျန်းမာရေးထိခိုက်ပုံခြင်း တူပါတယ်။ မကြာခဏရေချိုးခြင်းဟာ အသားအရေခြောက်သွေ့ပြီးအက်ကွဲစေပါတယ်။ ဒါက ပိုးမွှားတွေကို အလွယ်တကူ ကိုယ်ထဲဝင်ရောက်စေနိုင်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ တစ်နေ့ကိုတစ်ကြိမ်သာ ရေချိုးဖို့ အကြံပေးထားပါတယ်။

အိမ်သာမသွားခင် လက်မဆေးခြင်း

Source: Showbiz Cheat Sheet

ဘက်တီးရီးယားတွေကို အိမ်သာတွင်သာမကပဲ အိမ်ရဲ့နေရာအနှံ့အပြားမှာ တွေ့နိုင်ပါတယ်။ ဒါကြောင့် လက်ကိုမဆေးပဲ အချိန်အကြာကြီးထားမယ်ဆိုရင် ဘက်တီးရီးယားတွေ ကပ်ညိနေနိုင်ပါတယ်။ အိမ်သာသွားတဲ့အချိန်မှာ သီးသန့်အစိတ်အပိုင်းတွေကို လက်ဖြင့်ထိတွေ့ကိုင်တွယ်ရတာကြောင့် ပိုးမွှားတွေကပ်ပါလာနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ဒါကြောင့် အိမ်သာမသွားခင် လက်ဆေးတာက အိမ်သာသွားပြီးလက်ဆေးတာနဲ့နည်းတူ အရေးကြီးပါတယ်။

အိမ်မွေးတိရိစ္ဆာန်များဖြင့် အတူတူအိပ်စက်ခြင်း

Source: AnimalWised

ညဘက်တွေမှာလည်း ကျန်းမာရေးအတွက် ဆင်ခြင်ရမယ့်အရာတွေရှိနေပါတယ်။ ဒါကတော့ အိမ်မွေးတိရိစ္ဆာန်များဖြင့် အတူတူအိပ်စက်ခြင်းကို အတတ်နိူင်ဆုံးရှောင်ရှားကြဖို့ပါပဲ။ သေချာဂရုတစိုက် မွေးထားတဲ့ အိမ်မွေးတိရိစ္ဆာန်များမှာတောင် ဘက်တီးရီးယားတွေ ကပ်ညိနေနိုင်ပါတယ်။ ဒါကြောင့် အိမ်မွေးတိရိစ္ဆာန်တွေနဲ့အတူတူ မအိပ်စက်ခြင်းက ဖို့ကျွမ်းကျင်သူတွေက အကြံပြုထားကြပါတယ်။

မျက်နှာကိုဆပ်ပြာဖြင့်ဆေးကြောခြင်း

Source: Times of India

တစ်နေ့ကို ဆပ်ပြာဖြင့် မျက်နှာကိုနှစ်ကြိမ်ဆေးကြောပေးပါက သန့်ရှင်းသပ်ရပ်နေမယ်လို့ တစ်ချို့လူတွေကထင်ကြတယ်။ တကယ်တော့ ဆပ်ပြာတွေက မျက်နှာအတွက်ရည်ရွယ်ပြီးထုတ်လုပ်ထားတာမဟုတ်တဲ့အတွက်ကြောင့် အသုံးပြုခဲ့ပါက မျက်နှာမပျက်စီးအောင် အကာအကွယ်ပေးတဲ့ အရာတွေကို ဖျက်စီးရုံသာမက အရေးပြားရဲ့  pH အရည်အသွေးကိုလည်း ကျဆင်းစေပါတယ်။