လီဗာပူးလ်ဂန္တဝင်တိုက်စစ်မှူး ဒါ့ခ် ကောက်ချ်က ဆွာရက်ဇ်အနေနဲ့ စတီဗင် ဂျရတ်နဲ့ ရှိခဲ့တဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် ပရီးမီးယားလိဂ်ကို ပြန်လည် ပြောင်းရွှေ့လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Luis Suarez and Griezmann

Photo: Marca

ပြီးခဲ့တဲ့အပတ်မှာ စတီဗင် ဂျရတ်ရဲ့ အက်စတန် ဗီလာအသင်းဟာ အက်သလက်တီကို မက်ဒရစ်ဝါရင့်တိုက်စစ်မှူး လူးဝစ္စ ဆွာရက်ဇ်ကို ခေါ်ယူနိုင်ခြေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ ဥရုဂွေးတိုက်စစ်မှူးဟာ ၎င်းရဲ့ လီဗာပူးလ်အသင်းဖော်ဟောင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ဖို့အတွက် ကလပ်အသင်းအများအပြားဆီက ကမ်းလှမ်းမှုတွေကိုတောင် ငြင်းပယ်ခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

ဒတ်ချ်တိုက်စစ်မှူးဟောင်း ဒါ့ခ် ကောက်ချ်က ဆွာရက်ဇ်ရဲ့ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ကိစ္စဟာ မဖြစ်ကောင်း မဖြစ်နိုင်ပေမယ့် ဖြစ်လာဖို့အတွက် မျှော်လင့်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

Luis Suarez and Steven Gerrard during their time at Anfield

Photo: Skysport

“ကျွန်တော် သူ ပြန်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ကျွန်တော် မသေချာပါဘူး။ လူးဝစ္စက ဘာစီလိုနာအသင်းကနေ ထွက်ခွာပြီးနောက် ပရီးမီးယားလိဂ်ကို ပြန်လာဖို့ အခွင့်အရေး ရှိခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် သူက စပိန်မှာ ဆက်နေဖို့ပဲ ဆုံးဖြတ်ခဲ့ပြီး အဲဒီဘာသာစကားနဲ့ သူ ပိုပြီး သက်တောင့်သက်သာဖြစ်တယ်လို့ ခံစားနေရတာလည်း ဖြစ်နိုင်ပါတယ်”

“သူက စတီဗင် ဂျရတ်ကို ချစ်မြတ်နိုးတယ်ဆိုတာကိုလည်း ကျွန်တော် သိနေပါတယ်။ အဲဒီတော့ သူ ဂျရတ်နဲ့ အလုပ်လုပ်ချင်နေရင်လည်း လုပ်ချင်နေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: The Time