တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်နောက်ခံကစားသမား အော်ရီယာဟာ အနားမယူမီမှာ ပီအက်စ်ဂျီအသင်းကို ပြန်လည်သွားရောက်ချင်တဲ့ အိပ်မက်ကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း talksport က ဖော်ပြခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အော်ရီယာဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ပီအက်စ်ဂျီအသင်းကနေ တော့တင်ဟမ်ဟော့စပါးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာ အက်သလက်တီကိုမက်ဒရစ်ကို ထရစ်ပီယာပြောင်းရွှေ့သွားတာကြောင့် ယခုရာသီ ပြိုင်ပွဲစုံ ၃၃ ပွဲအထိ ပါဝင်ကစားခွင့်ရရှိထားသူဖြစ်ပါတယ်။
Photo: teamtalk
အော်ရီယာဟာ ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့တဲ့ ၃ နှစ်တာကာလအတွင်း လီဂူးဝမ်းဖလား ၂ ကြိမ်အထိ ကိုင်မြှောက်နိုင်ခဲ့ပြီး ၎င်းရဲ့ နှလုံးသားဟာ ပဲရစ်မှာ နောက်ထပ်တစ်ကြိမ် ပြန်ကစားဖို့ သတ်မှတ်ထားကြောင်း ပြောကြားလိုက်တာဖြစ်ပါတယ်။
“ကျွန်တော့်ရဲ့ကစားသမားဘဝကို ပီအက်စ်ဂျီအသင်းမှာ ပြီးဆုံးတာကို မြင်ရနိုင်လားဆိုရင် အဲဒါက ကျွန်တော့်ရဲ့ အစီအစဉ်ပါပဲ”
“ကျွန်တော် ပီအက်စ်ဂျီမှာ ကစားသမားဘ၀ ပြီးဆုံးချင်ပါတယ်။ အရာအားလုံးမဖြစ်ခင်ကတည်းက ကျွန်တော့်နှလုံးသားထဲက အသင်းဖြစ်ခဲ့တာပါ”
“မပြီးပြတ်သေးတဲ့အလုပ်တွေရှိနေတယ်ဆိုတဲ့ ခံစားချက်ရှိနေပါတယ်။ ပီအက်စ်ဂျီအသင်းက ကျွန်တော် ကလေးဘဝကတည်းက ကျွန်တော့်ရဲ့အသင်းဖြစ်ခဲ့တာပါ။ ကျွန်တော် ပါ့ဒက်စ်ပရင့်စ်မှာ ပွဲတွေ သွားကြည့်ခဲ့ပါတယ်”
Source : THE RAINBOW NEWS
“ပီအက်စ်ဂျီကို ရောက်လာဖို့က ကျွန်တော့်ရဲ့အိပ်မက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အတွက်ကတော့ အဲဒီအိပ်မက်က မပြီးဆုံးသေးပါဘူး။ ကျွန်တော့်ရဲ့ကစားသမားဘဝကို ပီအက်စ်ဂျီမှာ ပြီးဆုံးရမယ်ဆိုရင် အရမ်းနှစ်သက်မိမှာပါ”လို့ ပြောကြားခဲ့ပါတယ်။