အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး အီယန် ရိုက်က လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်ပြသပြီးနောက် စမစ် ရိုးက အာတီတာအတွက် ပွဲထွက်ကစားသမား ရွေးချယ်ရာမှာ နောက်ထပ်ခက်ခဲတဲ့ ပြဿနာဖြစ်စေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Emile Smith Rowe

Photo: Metro

အာဆင်နယ်အသင်းဟာ စနေနေ့ညက လိဒ်စ်ယူနိုက်တက်ကို ၄-၁ နဲ့ သက်တောင့်သက်သာ အနိုင်ယူသွားခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေမှုက ပိုမိုခိုင်မာလာခဲ့တာဖြစ်ပါတယ်။ လာကာဇက်ဟာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်လာခဲ့ပြီး ပထမပိုင်းမှာ ဂိုးအသီးသီး သွင်းယူနိုင်ခဲ့ကြတဲ့ ဆာကာနဲ့ မာတီနယ်လီတို့က တောင်ပံ ၂ ဖက်စီမှာ ကစားခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့် စမစ် ရိုုးဟာ ၇၈ မိနစ်မှာ ဆာကာရဲ့ နေရာမှာ လူစားဝင်မကစားမီ အရန်ခုံမှာသာ ထိုင်နေခဲ့ရတာဖြစ်ပြီး လူစားဝင်ပြီး ၆ မိနစ်အကြာမှာ အင်္ဂလန်လူငယ်ကြယ်ပွင့်က ယခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၇ ဂိုးမြောက်အဖြစ် အာဆင်နယ်အသင်းအတွက် ဂိုးသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

Arsenal scored against Leeds

Photo: Football.london

“အခုအချိန်မှာ သူ လုပ်နေတာတွေက အရမ်းကောင်းမွန်ပါတယ်။ ခင်ဗျား စမစ် ရိုးနဲ့ပတ်သက်ပြီး မြင်ရတာက ဘာလဲဆိုရင် ‘ကောင်းပြီ ၊ ငါ ပွဲထွက်လူစာရင်းထဲမှာ မပါပေမယ့် ငါ ဝင်လာတဲ့အခါကျရင် ၂ မိနစ်၊ ၅ မိနစ်၊ ၁၀ မိနစ်ပဲ ကစားချိန်ရမယ်ဆိုလည်း ဂရုမစိုက်ဘူး။ ငါ အခွင့်အရေးကို ရအောင်ယူမယ်။ ငါ ဂိုးသွင်းနိုင်အောင်လုပ်မယ်’ဆိုတဲ့ပုံစံမျိုးပါ”

“သူ အခုလုပ်နေတာ၊ သူ သိသွားတဲ့အရာက ဂိုးသွင်းရမယ်ဆိုတာပဲ။ အဲဒါက နောက်ဆုံးရလဒ်ပဲ။ အဲဒါက သူ လုပ်ဆောင်နေတဲ့ အရာဖြစ်ပြီး နည်းပြကလည်း သူ့ကို လုပ်စေချင်ခဲ့တယ်။ အခု သူ နည်းပြကို ‘ခင်ဗျား ကျွန်တော့်ကို အရန်ခုံမှာ ထားတယ်နော်။ အဲဒီတော့ ကျွန်တော် ဂိုးသွင်းယူဖို့ ကြိုးစားမယ်’ဆိုတာကို ပြသနေပါတယ်။ သူ အဲဒါကို နောက်ထပ်တစ်ကြိမ် လုပ်ပြနိုင်ခဲ့ပြီး နည်းပြကို နောက်ထပ် ပြဿနာ ပေးခဲ့ပါတယ်။ အဲဒါက ခင်ဗျား လိုချင်တဲ့အရာဆိုတာ အတိအကျပဲ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Metro