ညဘက် မီးပုံပွဲပါတီတွေဟာ ဈေးအသက်သာဆုံးနဲ့ စိတ်လှုပ်ရှားစရာ အမှတ်တရအများဆုံးပါတီတစ်ခု ဖြစ်နိုင်ပါတယ်။ တချို့တွေက Hiking ခရီးတွေ ထွက်ရင်း တောထဲမှာ ညဘက်မီးပုံပွဲတွေ လုပ်ကြပါတယ်။ တချို့ကျတော့လည်း လေ့လာရေးခရီးထွက်ရင်း ၊ တချို့တော့လည်း ကမ်းခြေကို နွေရာသီရက်တွေမှာ သွားလည်ရင်း အမှတ်တရအနေနဲ့ Bonfire Party လုပ်တတ်ကြပါတယ်။

လွတ်လပ်ကျယ်ပြောတဲ့ ကွင်းပြင်မှာ မိတ်ဆွေတွေနဲ့ စားစရာတွေနဲ့ ဂစ်တာသံတွေအကြား သီချင်းများဆိုရင်း မီးပုံပွဲကျင်းပတယ်ဆိုတာ မေ့ဖို့ မလွယ်တဲ့ အမှတ်တရတွေပါပဲ။ ဒီလို မီးပုံပွဲမျိုး စီစဉ်ဖို့အတွက် တကူးတက အခန်းတွေ ငှားစရာ ၊ စားစရာတွေ ချက်ပြုတ်စီစဉ်စရာ မလိုသလို Formal ကျကျ ဝတ်စားလာစရာလည်း မလိုပါဘူး။ ဒါတွေက ပါတီကို ပိုပြီး လွတ်လွတ်လပ်လပ် သက်တောင့်သက်သာ ရှိစေပါတယ်။

bonfire-guests

Photo: marthastewart

တချို့တွေက မီးပုံဘေးမှာ သက်တောင့်သက်သာ ထိုင်နိုင်မယ့် ရွက်ဖျင်ကုလားထိုင်လေးတွေ ချထားကြပါတယ်။ အထူးသဖြင့် ရာသီဥတုက စိုစွတ်နေတယ် ၊ မြေကြီးက ကြာကြာထိုင်လို့ အဆင်မပြေဘူးဆိုရင် ကုလားထိုင်ယူသွားတာ အကောင်းဆုံးပါ။ သယ်လို့လည်း လွယ်ပြီး ခေါက်သိမ်းနိုင်တဲ့ ကုလားထိုင်မျိုးဆို ပိုကောင်းပါတယ်။ မြေပြင်က ခြောက်သွေ့ညီညွတ်နေပြီး ထိုင်လို့အဆင်ပြေရင် ကုလားထိုင်မပါလည်း ရပါတယ်။

ပါတီအတွက် မီနူးစဉ်းစားတော့မယ်ဆိုရင် အရင်ဆုံး ကိုယ့်အဖွဲ့ထဲက ဘယ်သူတွေ ဘာမကြိုက်သလဲ ၊ ရှောင်တတ်သလဲ မေးမြန်းထားပါ။ မီးပုံပွဲမှာ အသားကင် ၊ မက္ကဆီကန်ပေါင်မုန့် ၊ ဝက်ပေါင်ခြောက် ၊ အသီးအရွက်ကင် ၊ လိမ္မော်ကော့တ်တေး ၊ ဘီယာနဲ့ ရေခဲပုံးတွေ စဉ်ထားဖို့ လိုပါတယ်။ Bonfire တွေက ပျော်စရာကောင်းပြီး ပေါ့ပေါ့ပါးပါး Casual Party Type ဖြစ်ဖို့ လိုပါတယ်။

campfire-guitar-sing-along

Photo: thestringcrew

ဒါကြောင့် အစားအသောက်ကိစ္စကို ခေါင်းအပူခံပြီး အရမ်းစဉ်းစားမနေပါနဲ့။ ရိုးရိုးရှင်းရှင်းနဲ့ အားလုံး စားလို့ အဆင်ပြေမယ့် စားစရာ သောက်စရာတွေနဲ့ဆို အဆင်ပြေပါတယ်။ ယမကာဆိုလည်း အပြင်းကြိုက်ရင် အပြင်းဆိုပေမယ့် အကောင်းဆုံးက ဘီယာအေးအေးလေးပါပဲ။ ဒီလို ပါတီမျိုးမှာ အားလုံး ပျော်ဖို့ဆိုပြီး ဂိမ်းတွေ Activities တွေလည်း လုပ်တတ်ကြပါတယ်။ ဘယ်လို ဂိမ်းပဲ ဖြစ်ဖြစ် ပျော်စေရုံပဲ ဖြစ်ပါစေ။ အပျက်ဘက်ကို သွားမယ့် ဂိမ်းမျိုးဆို အချင်းချင်း ပြန်ထိန်းသင့်ပါတယ်။

Bonfire Party မှာ အကောင်းဆုံးက ဂစ်တာလေး ယူသွားတာပါပဲ။ ပျော်ပျော်ပါးပါး သီချင်းတွေ ဆိုရင်း အားလုံး ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေးနဲ့ အမှတ်တရညတွေ ဖန်တီးဖို့ပါ။ သတိထားရမှာပါ။ အရမ်းကြီး မူးအောင် မသောက်ဖို့။ အလွန်အကျွံ မကဲဖို့နဲ့ အန္တရာယ်ကြီးတာတွေ လျှောက်မလုပ်မိအောင် နေပါ။ ကိုယ်ဖိုထားတဲ့ မီးကို ပြန်ဂရုစိုက်ပါ။ ဒါဆိုရင် ဘေးကင်းပြီး ပျော်စရာကောင်းတဲ့ မီးပုံပွဲညလေး ဖြစ်သွားပါလိမ့်မယ်။