လက်ရှိ Covid ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ကျရောက်လာတဲ့ မွေးနေ့ရှင်လေးတွေရှိလား။ Covid ကာလဆိုတော့ အရင်နှစ်တွေကလို မွေးနေ့ပွဲကျင်းပတာတွေ သူငယ်ချင်းတွေနဲ့ လျောက်သွားရတာမျိုးတွေ လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် စိတ်မညစ်ပါနဲ့ ဒီနေ့မှာတော့ အိမ်မှာနေပြီး ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်စရာကောင်းတဲ့မွေးနေ့လေးကျင်းပနိုင်မယ့် အမိုက်စားအိုင်ဒီယာလေးတွေ ပြောပြပေးချင်ပါတယ်။
(၁) သူငယ်ချင်းတွေကိုဗီဒီယိုကောခေါ်ပါ
Source : JewishBoston
မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ တွေ့ခွင့်မရနိုင်ပေမယ့် အွန်လိုင်းကနေ ဗီဒီယိုကောခေါ်ပြီး ချစ်ရတဲ့သူငယ်ချင်းတွေနဲ့ အတူတူမွေးနေ့ပွဲကျင်းပလို့ရနိုင်ပါတယ်။ မွေးနေ့မကျင်းပခင် တစ်ရက်လောက်အလိုကတည်းက ကြိုတင်ပြင်ဆင်မှုလေးတွေလုပ်ထားဖို့လိုပါတယ်။ ကိုယ့်ရဲ့ သူငယ်ချင်းတွေကို မနက်ဖြန်ဘယ်အချိန်မှာ ဗီဒီယိုကောခေါ်ပြီး မွေးနေ့ပွဲကျင်းပမယ်ဆိုတာ ကြိုတင်အသိပေးထားပါ။ ဒါမှလည်းကိုယ့်ရဲ့ မွေးနေ့ပါတီလေးမှာ သူငယ်ချင်းစုံစုံလင်လင်နဲ့ ကျင်းပနိုင်မှာဖြစ်ပါတယ်။
(၂) ရုပ်ရှင်တွေကြည့်ပါ
Source : SAP Blogs
မွေးနေ့ရက်ဆိုရင် အများစုပြုလုပ်လေ့ရှိတာက သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်တာပါ။ ဒါပေမယ့် Covid ကာလမှာရုပ်ရှင်ရုံတွေပိတ်ထားတာဆိုတော့ အိမ်မှာပဲ ရုပ်ရှင်ကြည့်ပြီးဖြတ်သန်းရတော့မှာပေါ့။ မွေးနေ့ဆိုတော့ မွေးနေ့နဲ့ လိုက်ဖက်တဲ့ ရုပ်ရှင်ဇာတ်ကားလေးတွေ ဟာသကားတွေ လက်တလော လူမှုကွန်ယက်မှာရေပန်းစားနေတဲ့ ရုပ်ရှင်စီးရီးတွေကြည့်ပြီး အကောင်းဆုံးဖြတ်သန်းလိုက်ပါ။ မွေးနေ့ရက်လေးမှာတော့ အလုပ်တွေ စိတ်ညစ်စရာတွေအားလုံးခဏမေ့ပြီး ဇိမ်ကျကျဖြတ်သန်းဖို့အကြံပြုချင်ပါတယ်။
(၃) ကိုယ်လုပ်ချင်တဲ့အရာလေးစာအုပ်မှာချရေးထားပါ
Source : The Advocate
မွေးနေ့ရက်လေးကိုအိမ်မှာပဲကျင်းပရတယ်ဆိုပေမယ့် ကိုယ်တကယ်လုပ်ချင်တဲ့ မွေးနေ့ပုံစံလေးကို စာအုပ်မှာချရေးထားပါ။ ဥပမာ ဘုရားသွားချင်တာ သူငယ်ချင်းတွေနဲ့ လျောက်လည်ချင်တာ အလှူအတန်းလုပ်ချင်တာစသည်ဖြင့် ကိုယ့်ရဲ့ မွေးနေ့ကို လက်တွေ့မှာတကယ်ဖြတ်သန်းချင်တဲ့ ပုံစံအတိုင်း စာအုပ်မှာချရေးပြီးမှတ်သားထားပါ။ ရောဂါကပ်ဆိုးကြီးပြီးသွားပြီး အရာအားလုံးပုံမှန်တိုင်းပြန်ဖြစ်သွားပြီဆိုရင် ကိုယ်ရေးထားခဲ့တဲ့ဆန္ဒလေးတွေကို လက်တွေ့အကောင်ထည်ပြန်ဖော်ပြီး မွေးနေ့ပွဲလေးကိုပြန်လည်အသက်သွင်းလို့ရနိုင်ပါတယ်။
(၄) မိသားစုဝင်တွေနဲ့အတူတူဖြတ်သန်းပါ
Source : iStock
မိသားစုဝင်တွေနဲ့ အတူတူ မွေးနေ့ပွဲကျင်းပရခြင်းက အရမ်းကိုပျော်စရာကောင်းတဲ့အမှတ်တရတွေရစေပါတယ်။ လက်ရှိကအိမ်မှာနေရတဲ့ ကာလဆိုတော့မိသားစုဝင်တွေနဲ့ အတူတူပျော်ပျော်ရွှင်ရွှင်မွေးနေ့ပါတီလေးကို ကျင်းပနိုင်မှာဖြစ်ပါတယ်။ မွေးနေ့မှာ အိမ်သားတွေနဲ့ အတူ ကိတ်မုန့်ခွဲတာ အရသာရှိတဲ့မုန့်တွေလုပ်စားတာ သီချင်းဆိုကြတာ ရုပ်ရှင်ကြည့်တာ စသည်ဖြင့် ပျော်စရာကောင်းတဲ့အရာလေးတွေလုပ်ဆောင်ပြီး မွေးနေ့ရက်မြတ်လေးကို မိသားစုဝင်တွေနဲ့ အတူဖြတ်သန်းနိုင်ပါတယ်။